Part-9

355 55 9
                                    

#Zawgyi
ဆေးရုံကုတင်ပေါ်မှ မလှုပ်မယှက်လှဲလျောင်းနေသည့် တပည့်ဖြစ်သူကို ကြည့်ရတာစိတ်မချမ်းမသာဖြစ်ရလွန်းသည်

"သားလေးဆရာထင်တယ်? "

ခပ်တောင့်တောင့်ခန္ဓာကိုယ်နှင့် အမျိုးသမီးက လှဲလျောင်းနေသူ၏ အမေဖြစ်ပုံရသည်

"ဟုတ်ကဲ့ ကျွန်တော်က Junhoတို့ရဲ့ အင်္ဂလိပ်စာဆရာပါ ဒီဘက်က Junhoအမေထင်တယ်"

"ဟုတ်ကဲ့ ကျွန်မက သူ့အမေပါ ဆရာ သားလေးအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်း ခုထိသတိရမလာသေးဘူး"

ခပ်ဆိုးဆိုးသားကို ပိုင်ဆိုင်ထားသည့် မိခင်ဆိုပေမယ့် သူမရဲ့မျက်နှာပေါ်မှာ စိတ်ထိခိုက်မှုတွေကတော့ အထင်းသား...

"တရားခံတွေ့ပြီတဲ့လား?"

"လူပြတ်ပြီး CCTVလွတ်တဲ့လမ်းကြားဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မှန်းဖို့အရမ်းခက်နေကြတယ် ဆရာ ခြေရာလက်ရာကလည်း မကျန်ခဲ့တော့ပိုဆိုးတယ် ကျွန်မသားလေး ဆိုးတာကို ကျွန်မသိပါတယ် ဆရာရယ် ဒါပေမယ့် ဒီလိုအခြေအနေကနေ သားလေးပြန်ထမလာနိုင်ရင်တော့ ကျွန်မ ကျွန်မ... "

တိမ်ဝင်သွားသည့် အသံအနေအထားနှင့်အတူ မျက်ရည်တွေက သူမပါးပြင်ပေါ်တလိမ့်လိမ့်ကျလာပြီး သူ့ကိုအားကိုးတကြီးဖက်တွယ်ကာ ငိုရှာသည်

"Junhoနိုးလာမယ်လို့ ကျွန်တော်ယုံကြည်တယ် Junhoအမေ။ စိတ်အရမ်းအထိခိုက်မခံပါနဲ့ ထမင်းလည်း ပုံမှန်မစားဘူးလို့ကြားတယ်  တော်ကြာ သားလေးပြန်နိုးလာလို့ အမေဖြစ်သူက သူ့ကြောင့်နေမကောင်းဖြစ်တယ်လို့သိရင် သားဖြစ်သူကစိတ်မကောင်းဖြစ်မှာပေါ့ အစားလေးစားပြီး အားရှိအောင်တော့နေပါ"

"ဟုတ်ကဲ့ပါ ဆရာရယ် ကျေးဇူးလည်းတင်ပါတယ် ကျွန်မလည်း သားလေးပြန်ထလာမယ်လို့ ယုံကြည်ပါတယ်"

"ကျိန်းသေနိုးလာမှာပါ"

Junhoအမေကို နှုတ်ဆက်ကာ ဆေးရုံခန်းထဲမှထွက်လာခဲ့လိုက်သည်

သားတစ်ယောက်ကို အရမ်းစိတ်ပူနေတတ်သည့် အမေပေါင်းစွာကို သူတွေ့ခဲ့ဖူးသည် ပြဿနာပေါင်းစုံကြားထဲမှာ ထပ်တူကျနေတတ်သည့် ပူပန်မှုပေါင်းစုံတွေက မိဘမေတ္တာဆိုသည့် ခေါင်းစဉ်အောက်ကပဲ ဖြစ်စဉ်အမျိုးမျိုးနဲ့ခွဲထွက်လာကြတာချည်းပဲ မဟုတ်လား...

Happy EndingWhere stories live. Discover now