#zawgyi
သူ့ကိုအဖက်လုပ်စကားပြောတာဆိုလို့ သူ့ကိုလာပြီးပြုစုစောင့်ရှောက်နေသည့် nurseမလေးရယ် Dr. Kimရယ်ကလွဲလို့ ဘယ်သူမှမရှိသည့် ဒီဆေးရုံကြီးထဲမှာ မနေချင်တော့တာက အမှန်ပင်...အရင်က အိမ်မှာတစ်ယောက်တည်းနေပေမယ့်လို့ ကိုယ်စိတ်တိုင်းအကုန်လုပ်ခွင့်ရှိပြီး Minhyunnie hyungနဲ့Daehwiတို့ကလည်း Nurseမနဲ့Dr. Kimထက်တောင် သူ့အပေါ် ဖူးဖူးမှုတ်ထားကြသည့် လူတွေမလား...
အမှန်တကယ်တော့ သတ်ပစ်ချင်အောင်မုန်းနေသည့် Hyungကို သတိရသလို Daehwiသာ အနားမှာရှိနေရင် သိပ်ကောင်းမှာပဲလို့လည်းတွေးမိသည်
ဒါဆို ဘာလို့တွေ့ဖို့မလုပ်ရလဲလို့ မေးခွန်းထုတ်ကြလိမ့်မယ်...
ဟိုတစ်နေ့က Daehwiကိုတွေ့ချင်လို့ စိတ်ရှိတိုင်း အော်ဟစ် သောင်းကျန်းပစ်လိုက်မိပေမယ့် စိတ်ငြိမ်ဆေးတစ်လုံးအထိုးခံလိုက်ရပြီး အိမ်မောတောင်ကျသွားတာပဲအဖတ်တင်သည်... Daehwiတွေ့ဖို့မပြောနဲ့ အခန်းထဲကနေတောင် အပြင်ထွက်ခွင့်မရှိခဲ့ဘူး...
လူတိုင်းက သူ့ကိုရူးနေတဲ့လူလို့ပဲ သတ်မှတ်ပစ်နေကြတာ... သူဘယ်လောက်ချစ်တတ်လဲ ဂရုစိုက်လည်းဆိုတာ မသိကြဘူး... ဒါပေမယ့် Dr. Kimကတော့ သူ့အကြောင်းကိုအကုန်နားလည်ပေးနိုင်တယ်။ဒီလူက အရမ်းကိုတော်ပြီးပါးနပ်တဲ့ ဆရာဝန်ကောင်းတစ်ယောက်...ဒီဆေးရုံမှာ သူမှီတွယ်ရာ တစ်ဦးတည်းသောလူ...
"Jinyoung ahhh"
မနေ့ကမှ ခရီးကပြန်ရောက်၍ သူ့ဆီမလာနိုင်သည့် အကြောင်းတွေကို ဂျူဒီကုတ်ချွတ်ရင်းပြောနေသည့် Dr. Kimကို ငေးကြည့်နေမိသည်
"Jinyoung? Drမရှိတုန်း သောင်းကျန်းသေးတယ်ဆို ဘယ်လိုဖြစ်တာလဲ? "
"Daehwiနဲ့တွေ့ချင်လို့ ခွင့်တောင်းပေမယ့် သူတို့က လက်မခံကြဘူး Dr"
Drက သူနားလည်ပြီဆိုသည့်ပုံစံဖြင့် ဆက်မပြောတော့ဖို့ လက်ကာပြသည်
"မင်းနေကောင်းတဲ့အခါ ဒီကလေးနဲ့တွေ့ရမှာမလို့ မင်းအရင်နေကောင်းအောင်လုပ် ဟုတ်ပြီလား မင်းနေကောင်းသွားပြီဆို ဆရာကိုယ်တိုင်လိုက်ပို့ပေးမယ်"
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."