မနက်ကတည်းက တဝုန်းဝုန်းနှင့်အငြိုးကြီးစွာရွာနေသောမိုးက ညနေအထိပင် တိတ်မည့်ဟန်မမြင်သေး..
ထီးကလည်းပါမလာ၍ Jinကျောင်းအဆင်းတွင်အခက်တွေ့နေရသည်..ကျောင်းဆင်ဝင်တစ်လျှောက် ဟိုငေးဒီငေးနှင့် မိုးစဲသည်အထိ သူစောင့်နေမိသည်..အဖေ!
ကျောင်းဝတွင်ရပ်ထားသော ကားနက်ကြီးထဲမှ Jinအဖေက သူ့ဆီကိုကြည့်ကာ မျက်နှာလေးမသာမယာဖြစ်နေပုံရသည်..jinသက်ပြင်းလေးချကာ ကျောပိုးအိတ်လေးခေါင်းတွင်မိုး၍ အိမ်သို့တရှိန်ထိုးပြေးလာခဲ့တော့သည်..မိုးစိုလည်းစိုပါစေတော့...ဖျားလည်းဖျားပါစေတော့
မောင်းတော့လေ ဦးလေးကြီး!ဘာလဲ
သားလေး မိုးစိုနေတာ မကြည့်ရက်ဘူးလား?
ဒါဆိုလည်းဆင်းတော့ ကျတော့ဘာကျတော်မောင်းသွားမယ်..အာ..မဟုတ်ပါဘူး သခင်လေးJoon..
ဒါဆိုလည်း မောင်းတော့...
အာဏာရှင်ဆန်ဆန်အမိန့်သံတွေအောက်တွင် ကားလေးကတစ်လှိမ့်ချင်း ကျောင်းရှေ့မှထွက်လာခဲ့တော့သည်..
မိုးရွာထဲတွင်ပြေးနေသောJinပုံရိပ်ကိုမှုံဝါးဝါးလေးNamjoonလှမ်းမြင်လိုက်ရသေးသည်..
ထိုပုံရိပ်ကိုမြင်သည်နှင့် သူ့နှုတ်ခမ်းကွေးကွေးတွေဆီမှ အပြုံးတစ်ခုက သက်ဆင်းကျလာတော့သည်...🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
သား Jin!ဆေးလေးသောက်လိုက်အုံး
စိတ်ပူစွာကမ်းပေးလာသော ဆေးတစ်ချို့ကို Jinမငြင်းဆန်ပဲ ရေနှင့်အမြန်မျောချလိုက်သည်..ခပ်နွမ်းနွမ်း ဖြစ်နေသော အဖေ့မျက်နှာက Jinအပေါ်သနားအားနာနေမှန်း ထင်ဟပ်နေသည်..
အဖေ''ကျတော်တကယ်အဆင်ပြေပါတယ်!!
ဒါတွေက အခုမှ ကြုံရတာမှမဟုတ်တော့တာ..သားရယ်"..ကဲပါနားတော့..
အဖေ ဒီည သခင်ကြီးနဲ့ခရီးသွားရမယ်..
မနက်ထီးယူသွားနော် သားလေး..
YOU ARE READING
Puppet
Fanfictionကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ဟာ ကြိုးဆွဲသူ သခင်ကိုချစ်ခွင့်ရှိရဲ့လား?? kim Namjoon x kim seok jin❤