မစိမ်းသက်လှသော ရနံလေးကနှာဝဆီတိုးဝေ့လာတာကြောင့် Jinမျက်လုံးတို့ဖွင့်ကြည့်လိုက်မိသည်..
ပြာလဲ့လဲ့မီးဆိုင်းပန်းဆွဲကြီး ကမြင်ကွင်းတွင်ခန့်ညားစွာနေရာယူလျှက်.ရင်းနှီးပြီးသား ထိုအခန်းဟာ Namjoonအခန်းဖြစ်မှန်း သူတန်းသိလိုက်ပါသည်..ဘေးတွင်တော့အိပ်ယာခင်းများတွန့်ကြေနေသော်လည်း Namjoonမရှိချေ....""အ့..'"
ရုတ်တရတ်ထလိုက်တော့ နာကျင်နေတာကြောင့် သူပြန်လှဲနေလိုက်မိသည်..ညကဘာတွေဖြစ်ခဲ့လည်း သူတစ်ခုမှမမှတ်မိတာတော့သေချာသည်...
ဗလာကျင်းနေသော သူ့ကိုယ်ကိုတစ်ချက်ကြည့်ရင်း ခပ်ရေးရေးတော့တွေးမိလာသည်...
ညကNamjoonနဲ့များ....??ပထမဆုံးမဟုတ်တော့သော်လည်း မျက်နှာကအနည်းငယ်သွေးရောင်လွှမ်းသွားသည်..ဒီလောက်ကြည်နူးဖို့ကောင်းတဲ့ညလေးကို ခေါင်းကမမှတ်မိဘူးတဲ့လား..??
""နိုးရင်လည်းထတော့လေ"'
Coffeeခွက်လေးကိုင်ကာ အခန်းထဲဝင်လာသော Namjoon ကသူ့အား အမိန့်ဆန်စွာပြောလိုက်သည်..
အဖြူရောင်Tshirtဗြောင်နှင့် အားကစားဘောင်းဘီအနက်ပွပွဝတ်ထားသော Namjoonပုံက ပေါ့ပါးလန်းဆန်းစွာ...
""ထတော့မလို့..."'
ပြောရင်းဆိုရင်း စောင်အားကိုယ်မှာပတ်ကာ ပိုးတုံးလုံးလေးလို ထရပ်လိုက်သည်..အဝတ်အစားတွေက ကုတင်အောက်ရောက်နေ၍ ဘယ်လိုမှယူ၍မမှီတော့..
""အာ့.."'
စောင်တွေရစ်ပတ်လျှက်လဲကျသွားသော Jinကြောင့် Namjoon Coffeeခွက်လေးအား ခုံပေါ်တင်ကာ အမြန်ပြေးထူလိုက်သည်...
"ကျစ်..လုပ်လိုက်ရင်.."'
စိတ်မရှည်သံလေးနှင့်Namjoonက အော်တော့ သူမသိမသာလေးခိုးပြုံးမိသည်..ဒေါသမပါသည့်ဤအော်သံအချို့ကို သူနှစ်သက်ပါသည်..
""ဟို..နဲနဲ"'
သူ့စကားတောင်မဆုံးသေး Namjoon က သူ့အားကောက်ပွေ့လိုက်သည်...ပြေလျှော့ကာ လျှောကျသွားသော စောင်ကြောင့် Jinမျက်နှာကြီးရဲခနဲဖြစ်သွားသလို Namjoonမျက်နှာကလည်း အပေါ်မော့သွားသည်..
YOU ARE READING
Puppet
Fanfictionကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ဟာ ကြိုးဆွဲသူ သခင်ကိုချစ်ခွင့်ရှိရဲ့လား?? kim Namjoon x kim seok jin❤