Joonမှာ ချစ်သူရှိနေခဲ့ပြီတဲ့....""Diaryလေးကိုပိတ်လိုက်ရင်း သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်.....ဘာကြောင့်များ ဒီအချိန်လေးအတွင်းမှာ မင်းငါ့ကိုမေ့ပစ်နိုင်ရတာလဲJoon..??
အချစ်ကိုငါ ပိုင်ဆိုင်ခြင်းလို့လဲမယူဆခဲ့ဘူး...
ဒီအတိုင်း မင်းကိုသာငါမြင်ခွင့်ရနေမယ်ဆိုရင်..ငါ လောကကြီးကိုပိုင်ဆိုင်ထားရသလိုပဲ...
အခုတော့ ငါ့လောကကြီးကို သူများဆီပေးလိုက်ရတော့မှာလားJoon........
.
.
...............................ပန်းပင်တွေကြား နစ်မြုပ်မတတ်ဖြစ်နေသော အိမ်ပုလေးကို Namjoonအခန်း၏လိုက်ကာထူကြီးမျာြးုကားထဲမှ အချိန်အတော်ကြာ ငေးကြည့်နေမိသည်...
မင်းအရမ်းချောလာတယ် seok Jin.....
ငါလက်မလွှတ်ချင်လောက်အောင်ကိုပိုပြီးချောလာတယ်တစ်ချိန်က ငါနမ်းဖူးခဲ့တဲ့ အဲ့နှုတ်ခမ်းလေးတွေကလည်း ပိုပြီးလှလာတယ်.......
ငါတိုးဝင်ခဲ့ဖူးတဲ့မင်းဆံပင်တွေကလည်း နူးညံ့နေဆဲပဲ..
အရင်လိုတော့ မင်းလက်တွေငါ့ကို မဖမ်းဆုပ်ခဲ့ပေမဲ့ပေါ့လေ......
.
.သား Joon!!
အခန်းထဲသို့အလောတကြီးပြေးဝင်လာသည့် အမေ့ကြောင့် သူလိုက်ကာစကိုဆွဲပိတ်လိုက်ပြီး မျက်နှာမူလိုက်သညိ...
သား..!မင်းအဖေ..မင်းအဖေ...
ထိုစကားသာဆိုပြီးလှစ်ခနဲလဲကျသွားသော အမေ့အား သူစိုးရိမ်တကြီးပွေ့ဖမ်းလိုက်ပြီး အော်ဟစ်လိုက်မိ၏..
ကျတော့်ကမ္ဘာကြီး မပြိုပါရစေနဲ့လား...
................................................
တဖြောက်ဖြောက်ကျနေသော မိုးစက်များအား အံတုကာ သူခြံထဲတွင် အဓိပ္ပာယ် မဲ့ရပ်နေမိသည်....
သူဆုတောင်းမပြည့်ခဲ့ဘူး...ဖေဖေဟာ ညစာစားပွဲတစ်ခု မှာ အရက်အလွန်အကျွံမူးပြီး အပြန်လမ်းမှာ ပဲ .......
မေမေကတော့အဲ့စိတ်နှင့် ဆေးရုံတွင်သာလဲနေတော့သည်...
YOU ARE READING
Puppet
Fanfictionကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ဟာ ကြိုးဆွဲသူ သခင်ကိုချစ်ခွင့်ရှိရဲ့လား?? kim Namjoon x kim seok jin❤