puppet..7

3.2K 378 28
                                    


Joon!ထ​တော့...

Wait...5min!!

မင်းသ​ဘောပဲ..!ငါက​တော့သွားပြီ..

ထိုအခါမှဝုန်းခနဲထလာကာ သူ့ကို​ပေ​စောင်း​စောင်းနှင့်​ကြည့်​လာသည်​...

ခန​စောင့်​!!

ဘောက်​ဆတ်​ဆတ်​​ပြောကာ ရွက်​ဖျင်​တဲထဲမှ ထွက်​သွား​သောJoonပုံစံ​ကြောင့်​ သူပြုံးလိုက်​မိသည်​..
တစ်​ခါတစ်​​လေ သူက​လေးဆန်​ရင်​အရမ်းချစ်​ဖို့​ကောင်းလွန်းသည်​.....

..................................

ရောင်​နီနုနုကို​ဖောက်​ထွက်​လာ​သော ​နေအလင်း​ရောင်​က ပင်​လယ်​ပြင်​​ပေါ်ကျ​ရောက်​လျှက်​ရှိ​နေသည်​...

လှပ​သော​ရောင်​စုံပန်းချီကား​လေးတစ်​ချပ်​ကဲ့သို့ဖြစ်​​နေတာမို့ Jinလက်​​လေးနှစ်​ဖက်​ဆန့်​တန်းကာ ​ငေး​မော​နေမိသည်​...

နောက်​မှသူ့ခါးကိုရစ်​သိုင်းဖက်​လိုက်​​သော လက်​တစ်​စုံ​နှင့်​အတူ ရင်​ခွင်​​နွေး​နွေး​ကြောင့်​ လှစ်​ခနဲပြုံးမိသွားသည်

Jin!ငါတို့က ချစ်​သူ​တွေထက်​ပိုသွားကြပြီ​နော်​..!

Jinနားမလည်​နိုင်​စွာလှည့်​ကြည့်​လိုက်​ရင်း..

ဘာ​ပြောတာလဲ!!

ညက​လေ...???

ဟာ..​Joon..​တော်​..​တော်​..မ​ပြောနဲ့

ရဲတွတ်​သွား​သောJinမျက်​နှာ​လေးကိုကြည့်​ကာ Namjoonခွက်​ထိုးခွက်​လန်​ရယ်​​မောလိုက်​သည်​..
ရှက်​သွားတာများ ဟန်​​တောင်​မ​ဆောင်​နိုင်​ရှာ...

Jin!တ​နေ့ကျရင်​ ငါတို့ဒီမှာလက်​ထပ်​ပွဲလုပ်​ကြမယ်​​နော်

ရယ်​​နေရာမှJoonကသူ့ကိုကြည့်​ကာ​လေး​လေးနက်​နက်​​လေး​ပြောလာသည်​...ထိုစကား​လေးတစ်​ခွန်း​ကြောင့်​ပင်​Jinရင်​ထဲ​နွေး​ထွေးသွားရသည်​....
သူ့စိတ်​ထဲမှာအဲ့သ​လောက်​အထိ သူ့ကိုစဉ်းစား​ပေး​နေတာလား...??

သေချာလား??

အင်း...ကတိ..

မတိုင်​ပင်​ပါပဲ သူတို့ပြိုင်​တူရယ်​မိကြသည်​...
မင်းကတိကိုမှတ်​ထားပါjoon.....
အဲ့ကတိ​လေးတစ်​လုံးက ငါ့ရင်​ထဲမှာဘယ်​​လောက်​​နေရာယူသွားလဲဆိုတာ မင်းသိရဲ့လား...??

PuppetWhere stories live. Discover now