Ep...18

3K 367 43
                                    


အဖြေမရှိတဲ့မင်းရယ်....
အဖြေမသိတဲ့ငါရယ်....
ဘယ်တော့များမှ ထပ်တူညီကျလေမလဲ...?
.
.
..................................

ခြံထဲသို့အကြမ်းအရမ်းမောင်းနှင်လာသော ကားကြောင့်Jinပန်းအိုးတွေရွှေ့နေရာမှ ကိုယ်ကိုမတ်ကာကြည့်လိုက်သည်...Namjoonပြန်လာပြီထင်သည်....

သူကြည့်နေစဉ် သူ့ဆီတည့်မတ်စွာလျှေက်လာသော Namjoonကြောင့် အမျိုးအမည်မသိသော စိုးထိတ်မှုတို့ကရင်ထဲ သို့ လျင်မြန်စွာတိုးဝင်လာလေသည်..

Kim Seok Jin!!!

သူ့ကိုယ်အား လက်နှစ်ဖက်ဖြင့်အားပါပါတွန်းထိုးလိုက်မှုကြောင့် ယိုင်သွားကာ နောက်မှပန်းအိုးနှင့် ထိမိသွား၏...

မင်းဘာလုပ်တာလည်းKim Namjoon!!

ဖြိုဖျက်မရသော မာနတွေနှင့်အတူဝင်လာတာက သူ့ရဲ့ဒေါသတွေ...

""မင်း ကရော ဘာသဘောနဲ့Seo miကိုငါ့ဖုန်းနံပါတ်ပေးလိုက်တာလည်း??""

Jinရုတ်တရတ်တွေဝေသွားကာ နှုတ်ခမ်းကိုဖိကိုက်လိုက်သည်...သူ့ကိုဒီလိုတွေဆက်ဆံနေတာ Seo miကြောင့်တဲ့လား???

သူလာတောင်းလို့..""

ဟက်.."" မင်း လာခဲ့...

သူ့လက်ကိုဆောင့်ဆွဲကာ ခေါ်သွားသည့်Namjoonအား အပြင်းအထန်ရုန်းကန်လိုက်သည်..
နှစ်ယောက်လုံးက ကိုယ်လုံးကိုယ်ထည်မကွာတာမို့ ရှေ့မရောက်ပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေကြ၏...

အလုပ်သမားများမှာလည်း ဘာလုပ်ရမှန်းမသိဖြစ်နေကြကာ သူတို့အားကြည့်နေကြသည်...
ဒါကိုမြင်သော Namjoonက ..

အကုန်ပြန်ကြ!!!

သ..သခင်လေး...

အသက်အနည်းငယ်ကြီးသော လူကြီးက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း...

ပြန်ကြလို့ပြောနေတယ်လေ...!!

ဒေါသတကြီးအော်ဟစ်လိုက်သံကြောင့် အကုန်လုံးJinကိုတောင်းပန်ဟန်ကြည့်ကာ အလျိုလျိုထွက်သွားကြလေသည်....

ထိုသို့ရုန်းရင်းဆွဲရင်းနှင့်ပင် သူတို့ အိမ်ထဲသို့ရောက်လာကြသည်...Namjoonကထိုအခါမှလက်ကိုလွှတ်ကာ သူ့အားဆောင့်တွန်းလိုက်သည်...

PuppetWhere stories live. Discover now