Ep..25

2.7K 329 43
                                    

ဘာလို့ဝေးကွာရမှာလဲ ချစ်သူ
ငါတို့ နီးကပ်လွန်း လို့ ခက်နေကြတာမဟုတ်ဘူးလား
.
.
...............

""ကျစ်! Kim seok jin ဖုန်းမကိုင်ဘူး"'

ဒေါသတကြီးနှင့် ဖုန်းအား ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်..တစ်စစီလွင့်သွားသော ဖုန်းအစအနများအားစိတ်မဝင်စားနိုင်။လက်ရှိသူ့ရင်တွေ ပူနေတာKim seok jinကြောင့်...

ဘာမှမဟုတ်သည့် ကိစ္စ လေးနှင့် သူတို့ကတောက်ကဆဖြစ်ကာ Jinအိမ်ပေါ်ကဆင်းသွားလေ၏..
ယခုမိုးပင်ချုပ်တော့မည် အရိပ်အယောင်လေးမှမမြင်ရသေး...ဘယ်မှသွားစရာလည်း မရှိပဲနှင့် ဘယ်တွေ လျှောက်သွားနေလေသည်မသိ...

Namjoonဆံပင်တွေကိုတစ်ချက်ဖွကာ ကားသော့ဆွဲပြီး ထွက်လာခဲ့လိုက်သည်..ဦးတည်ရာမရှိမောင်းနှင်နေသော သူ့ကားလေးက တစ်စုံတစ်ယောက်ကိုသာရှာဖွေလျှက်ရှိသည်...

တဖြည်းဖြည်း မိုးချုပ်လာသည်နှင့် သူ့စိတ်တွေကလည်း ပိုမိုပူလောင်လာခဲ့သည်..သွားနိုင်မည့်နေရာတွေအကုန် ပတ်ရှာပြီးသော်လည်း ဘယ်လိုမှမတွေ့ရ...

Namjoon စိတ်ပျက်စွာ ကားလေးကို အိမ်ဆီသို့ပြန်ဦးတည်လိုက်သည်...တိတ်ဆိတ်နေသော အိမ်ကြီးက သူ့အတွက် အထီးကျန်လွန်းလှသည်...

လေးဖင့်နေသော ခြေလှမ်းများအား သယ်ဆောင်ကာ
သူအခန်းထဲဝင်မည်ပြင်လိုက်သည်...
ထိုစဉ် သူနှင့်မျက်နှာချင်းဆိုင် အခန်းမှ ရေစက်ကျသံတို့ထွက်လာ၍ Namjoonမျက်ခုံးထူထူတို့တွန့်ချိုးသွားရသည်...

ကိုယ်ကိုအသာဖော့ကာ တစ်ဖက်ကJinအခန်းထဲဝင်ခဲ့တော့...

""ဟင် Jin!..မင်း"'

သူ့မျက်လုံးမမှားပါ..အဖြူလွလွ Bathrobeကို ဝတ်ဆင်ထားပြီး ရေစိုစိုဆံပင်တွေကို တဘက်တစ်ထည်နှင့် ခါထုတ်နေသော Jin..သူ့ကိုမြင်တော့ နှုတ်ခမ်းကမဲ့ကာ မျက်နှာအား တစ်ဖက်လှည့်သွားသည်...

""Yah!ငါမင်းကိုဘယ်လောက်လိုက်ရှာနေလဲသိလား"

သူJinဆီပြေးသွားကာ ပုခုံးအားခပ်ကြမ်းကြမ်းဆွဲလှည့်ပြီး အော်လိုက်မိသည်..Jinကချက်ချင်း ပုခုံးပေါ်ကNamjoonလက်အားဆွဲချကာ....

PuppetWhere stories live. Discover now