puppet..12

3K 380 17
                                    


တစ်​ကို​ယ်​လုံး ကိုင်​ရိုက်​ထားသလို ​လေးလံမှုတို့ဖြင့်​Jinနိုးထလာခဲ့သည်​...ကြာခဲ့ပြီဖြစ်​​သော်​လည်း မစိမ်းသက်​​သေး​သော Namjoonအခန်း​လေး စိမ်းသက်​စွာ ဆီးကြိုလျှက်​ရှိသည်​.....

န​ဘေးကိုငဲ့ကြည့်​လိုက်​​တော့ အိပ်​​နေဆဲဖြစ်​​သောJoonကို​တွေ့ရသည်​...ပင်​ပန်းတာ​တွေများခဲ့ပြီ သူနားပါ​စေ​လေ.....

ပုံကျ​နေ​သော ​စောင်​​လေးကိုခြုံ​ပေးကာ
အဝတ်​အစား​တွေပြန်​လည်​ဝတ်​ဆင်​ရင်း Jinထွက်​လာခဲ့လိုက်​သည်​....မင်းကိုငါစိတ်​မဆိုးပါဘူးJoon....

.
.
.
Jinအခန်းထဲက ထွက်​သွား​တော့မှ Namjoonမျက်​လုံးနှစ်​လုံးဖွင့်​ကြည့်​လိုက်​ကာ သက်​ပြင်းတစ်​ချက်​အလိုလိုချလိုက်​မိသည်​...ညက သူအရမ်းစိတ်​လွတ်​သွားခဲ့သည်​မဟုတ်​ပါလား..

ဒါကို​တောင်​ သူ့ကိုအပြစ်​မယူပဲ တိတ်​တဆိတ်​ထွက်​သွား​သော Jin​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​မိ၏...ဒီလိုဆိုတိုင်း မင်းအ​ပေါ်မှာ ငါ့အမုန်း​တွေ​ပြေ​လျော့သွားတာမဟုတ်​​သေးဘူးJin....

ဖျောက်​မရတဲ့ စိတ်​ဒဏ်​ရာ​တွေက မင်း​ကြောင့်​အမာရွတ်​ထင်​​နေဆဲပဲ.....

.✌✌✌✌✌✌✌✌✌✌✌✌✌✌

အဖြစ်​အပျက်​​တွေက မျက်​လှည့်​ဆန်​လွန်းသလို တခနချင်းဖြစ်​ပျက်​သွားသည်​....

ဖေ​ဖေမရှိ​တော့သည့်​အတွက်​ Company၏ CEOဟူ​သော ရာထူးသည်​Namjoonအတွက်​ ပုခုံး​ပြောင်းတာဝန်​တစ်​ခုဖြစ်​လာခဲ့သည်​....

မေ​မေကလည်း Busanမှာရှိ​သော အပန်း​ဖြေအိမ်​တွင်​သာ​နေချင်​သည်​ဟုဆိုကာ သူမပိုင် ရှယ်​ယာ​တွေကိုပါသူ့ကိုလွှဲ​ပေးပြီး ထွက်​သွား၏....အခု ဤ နန်း​တော်​တမျှ ခန်းနားလှ​သော အိမ်​ကြီးတွင်​ ရှိ​နေသည်​မှာ သူတစ်​​ယောက်​ထဲ.....

ဒုတိယနှစ်​ ငယ်​ရွယ်​​သော လူငယ်​တစ်​​ယောက်​အတွက်​ CEOဟူ​သောရာထူးက အလွန်​ပင်​​လေးလံလှ​စေသည်​..Namjoon ဝိုင်​ကိုတစ်​ကျိုက်​ထဲ​သောက်​ချလိုက်​ပြီး
မျက်​နှာကိုပွတ်​သပ်​လိုက်​သည်​......

PuppetWhere stories live. Discover now