ရက်စက်ခြင်းတွေပေးပြီး မင်းထွက်သွားနိုင်ပါတယ်..
မျှော်လင့်ချက်တွေနဲ့အတူ ငါနေခဲ့ပါမယ်...
မင်းကတော့ ပျော်ရွှင်မှုတွေ ပဲ ယူသွားပေးပါ....
.
.
..........................💕💕အခန်းတံခါးဖွင့်ဖွင့်ချင်း မျက်နှာချင်းဆိုင်မှ ထွက်လာသော Namjoonနှင့် အချိန်ကိုက်ဆုံသည်..
Suit အပြည့်နှင့်ဆံပင်သပ်တင်ထားသော Namjoonအသွင်က မာန်အပြည့်နှင့်ရဲဝင့်စွာ...""Morning Namjoon""
""အင်း..ဒဏ်ရာ သက်သာလား""
ပြောသည်ဆိုရုံမျှကြားရသော အသံလေးပေမဲ့ Jin စိတ်ထဲ မီးရူးမီးပန်းများဖောက်လိုက်သလိုပျော်သွားမိသည်..ဒီလိုအပြန်အလှန်စကားအကောင်းမပြောဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ..??
""သက်..သက်သာတယ်..ဒီနေ့ကျောင်းလာမှာမဟုတ်လား""
Namjoonကခေါင်းလေးတစ်ချက်ညိမ့်ပြကာ နာရီကိုကြည့်လိုက်ပြီး..
""ငါ့ကားနဲ့လိုက်မလား..?Companyကိုခနပဲဝင်မှာ""
သူခေါင်းညိမ့်မိလိုက်သည်ထင်၏..
ခေါင်းများခါမိလေသလား..?
စိတ်နှင့်ကိုယ်မကပ်သေးသည့်အချိန်တစ်ခုမှာတော့ သူNamjoonကားပေါ်ထိုင်နှင့်ပြီးသားဖြစ်နေလေရဲ့.!.
......................Companyရောက်သည်နှင့်အသင့်စောင့်နေသော လူတစ်စုခြံရံလျှက် အစည်းဝေးခန်းထဲဝင်သွားသည့်Namjoonဟန်က သူ့မျက်စိထဲတွင်အရမ်း ခန့်ညားနေသည်..
ခနစောင့်ဟုမှာထား ခဲ့တာကြောင့် သူNamjoonရုံးခန်းထဲသို့ဝင်ထိုင်နေလိုက်သည်...
စားပွဲပေါ်တွင်တင်ထားသော ဂဏန်းရုပ်လေးတွေကိုမြင်တော့သူအသံထွက်အောင်ရယ်မိသွားသည်..
ဂဏန်းဆိုရင် Namjoonဘယ်လိုချစ်မှန်းမသိ..Kim Namjoon (CEO)ဟူသော နာမည်အားဖန်ဖြင့်ထွင်းထုထားသည်ကို သူကြည်နူးစွာငေးကြည့်လိုက်၏
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီတာဝန်တွေယူနိုင်တာ နည်းတဲ့ ထူးချွန်မှုလား....Jinဆိုဖာပေါ်ကျောမှီချကာ မျက်လုံးတို့အားမှိတ်လိုက်သည်...စိုစွတ်လာသောမျက်တောင်စပ်ဆီကခံစားမှုက အတိတ်ကိုလွမ်း၍ဖြစ်မည်ထင်သည်...
YOU ARE READING
Puppet
Fanfictionကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ဟာ ကြိုးဆွဲသူ သခင်ကိုချစ်ခွင့်ရှိရဲ့လား?? kim Namjoon x kim seok jin❤