puppet...13

2.9K 362 26
                                    


အရင်​နှင့်​မတူ​ခြောက်​ကပ်​လှ​သော အိမ်​ကြီးအတွင်းတွင်​Jinမ​ပျော်​ပိုက်​နိုင်​​တော့...

ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုရပ်​တည်​ကာထွက်​သွားမည်​ကြံ​သော်​လည်း ​ပေးအပ်​ခံထားရ​သောအမိန့်​​တွေ​အောက်​ကရုန်းမထွက်​နိုင်​ခဲ့ဘူးမှလား...

အလှ​ဆောက်​ထား​သော တံတား​သေး​သေး​လေး​ပေါ်တွင်​ရပ်​ကာ ​ကျောက်​စရစ်​ခဲ​သေး​သေး​လေးများဖြင့်​ အဓိပ္ပာယ်​ မဲ့ပစ်​​ပေါက်​​နေမိသည်​....ထိုစဉ်​...

Seok Jin!

အိမ်​သန့်​ရှင်း​ရေးအ​ဒေါ်ကြီးတစ်​​ယောက်​က အ​လောတကြီးနှင့်​​ပြေးလာပြီး ​ခေါ်လိုက်​တာ​ကြောင့်​ ..

ဟုတ်​ အ​ဒေါ်..ဘာလဲမသိဘူး..!

ဟို..သခင်​​လေးJoonက ​လေဆိပ်​ကိုလာကြိုပါတဲ့..

အခုလား??

အင်း..

ဟုတ်​ကဲ့ပါ..

အ​တွေးတို့ကိုလက်​စသတ်​ကာ အမြန်​​ပြေးလာခဲ့သည်​..
Joonက ​ကျောင်း​ပြောင်းမည့်​ ကိစ္စ အတွက်​LAကို သွားတာ တပါတ်​မျှကြာခဲ့ပြီ....

နေ့စဉ်​​နေ့တိုင်းငါချခဲ့တဲ့သက်​ပြင်း​တွေထဲမှာ...
မင်းကိုချစ်​ခဲ့အချစ်​​တွေလည်းပါတယ်​Joon...

.
.
.
✌✌✌✌✌✌✌✌✌✌✌✌✌

ဟူး!

လက်​ထဲကနာရီတစ်​ချက်​ကြည့်​ကာ Jinအ​ကြောဆန့်​လိုက်​သည်​...တကယ်​ဆို​ရောက်​သင့်​​နေပြီ...

သူ့အ​တွေးပင်​မဆုံးလိုက်​ မျက်​စိ​အောက်​သို့​ရောက်​လာ​သော ရူးအနက်​တစ်​ရံနှင့်​ သစ်​ရွက်​စိမ်းရနံ့​လေး​ကြောင့်​Joonမှန်းသူသိလိုက်​သည်​. ...

ရော့..သယ်​ခဲ့

သူ့ဆီသို့ luggageအားထိုးထည့်​ကာ Joonက စတိုင်​လ်​ကျကျ ​လျှောက်​သွားသည်​...

မြင့်​မား​သောအရပ်​အ​မောင်း ပိုမို​ဖွေးနုလာ​သောအသားအရည်​နှင့်​ မျက်​နှာ​ချော​ချော....
ပြတ်​သားပြီးတည်​ငြိမ်​လာ​သော Joonကို​နောက်​မှကြည့်​ရင်း သူပြုံးမိသည်​...

PuppetWhere stories live. Discover now