Ep..28(Final)

5.6K 415 91
                                    


""အသင့်ပဲလား "'

""Ready ပဲ"'

လက်မလေးထောင်ကာပြောလိုက်သော Jinကိုကြည့်ရင်း Namjoonပြုံးလိုက်သည်...သူတို့သွားနေသည့်နေရာကား Busanမှမေမေရှိရာ....မေမေ့ဆီသွားရာလမ်းတွင် သူတို့နှစ်ဦး တစ်နေရာဝင်စရာရှိသေးသည်..

ပြန့်ပြူးပြီး စိမ်းလန်းသော ကုန်းမို့်မို့တွေ ကိုဖြတ်ကာ ကုန်းဂမူတစ်ခုရှေ့တွင် သူတို့နှစ်ယောက်သားရပ်လိုက်ကြသည်..Namjoonက.ကျောက်ပြားညိုညိုထက်က သစ်ရွက်ကြွေတွေကိုဖယ်ရှားကာ အဖြူရောင်နှင်းပန်းအချို့အား တင်လိုက်၏.....

""ဖေဖေ....ဒီနေရာကငြိမ်းချမ်းတယ်မှလား.."'

အက်ကွဲကွဲသူ့အသံက ဝမ်းနည်းခြင်းအချို့ကိုသယ်ဆောင်လာသည်..ဒါကိုသိသောJinကသူ့ပုခုံးအား ဆုပ်ကိုင်ကာ သူ့ဘေးတွင်ဒူးထောက်ထိုင်ချရင်း..

""သခင်ကြီး...ကျတော် ကတိမတည်နိုင် ခဲ့လို့တောင်းပန်ပါတယ်...."'

Namjoonကသူ့အားငေးကြည့်တော့ သူပြုံးပြလိုက်ကာ စကားကိုဆက်၍..

""အဲ့အစား..ကျတော်သေတဲ့အထိ သူ့ကိုချစ်ရင်း ပေးဆပ်သွားပါ့မယ်လို့ ကျတော်ကတိပေးပါတယ်.."'

ထိုအခိုက်ခပ်ဖွဖွတိုက်လာသော လေနုအေးလေး..
ထိုလေအေးထဲတွင် ဖေဖေ့ရနံ့တို့ပါလာသလိုလို...
Namjoonထကာ Jinကိုပါ ဆွဲထူလိုက်သည်...

""ဖေဖေ့ကို ကန်တော့ရအောင်"'

ကျေးဇူးတရားအချို့ကို ဥပေက္ခာ ပြုပြီး သူရွေးချယ်ခဲ့သောထိုလူသား....
ကျတော်မှားခဲ့တယ်ဆိုရင်တောင် အမှန်ကိုရွေးချယ်မိမယ်မထင်ဘူး....သူဟာကျတော့်ရဲ့အမြတ်နိုးဆုံးအမှားတစ်ခု....
.
..........................

ပင်လယ်စင်ရော်တွေ ပျံနေသော Busanကမ်းခြေကို Jinကငေးကြည့်ရင်း သဘောတွေကျနေလေ၏..
Namjoonကတော့ရင်တွေပူလောင်နေသည်..

သူတို့ပိုင်သော Kim အပန်းဖြေစံအိမ်သို့ရောက်တော့
အထဲမှ လူအချို့က လာကြိုကြလေ၏..

""သခင်မကြီးကအထဲမှာစောင့်နေပါတယ်.."'

Namjoonခေါင်းကိုအသာညိမ့်ပြရင်း ဘေးကJinလက်ကိုဆုပ်ကိုင်လိုက်သည်..အေးစက်နေသော ချစ်သူ့လက်တို့ကို မနွေးသော သူ့လက်တို့ဖြင့် ရစ်ပတ်ရင်း အိမ်ထဲသို့ ဝင်လာခဲ့ကြသည်...

PuppetWhere stories live. Discover now