ငါ့အတွက် အချစ်ဟာမင်းပဲချစ်သူ
ပိုင်ဆိုင်ခြင်းတွေပူလောင်မှန်းသိတာတောင်
ငါမင်းကိုလက်မလွှတ်နိုင်သေးဘူးပဲ....
.
.
...........................မနက်အာရုံရောက်တော့မည်..
နာရီသံတစ်ချက်ချက်က သူတို့အားလှောင်ပြောင်နေသယောင်ယောင်နှင့် အသွားအလာမပျက်ကြချေ..စဲသွားပြီဖြစ်သော မိုးစက်တွေက တတောက်တောက်နှင့် ခြောက်ခြားဖွယ်ရာအခြေအနေတစ်ခုအား ပို့ဆောင်လျှက်...sofiအလောင်းအားမြင်လျှက် Jinပို၍သွေးပျက်နေအုံးမည်စိုးတာကြောင့် Namjoon ကJinအားအပေါ်ထပ်ကအခန်းဆီခေါ်လာခဲ့သည်..
ဘာစကားမှမပြောကြသော်လည်း သူတို့နှစ်ဦးသားလုံးလက်တွေက တင်းတင်းဆုပ်ကိုင်လျှက်သား..
အတန်ကြာငြိမ်သက်နေပြီးမှJinက အက်ကွဲသောလေသံတို့ဖြင့်...""ငါဝန်ခံလိုက်ပါ့မယ်Joon.."'
Namjoon ရင်တွေလှပ်ခနဲဖြစ်သွားကာ ခေါင်းကိုခါယမ်းလိုက်သည်...မင်းကိုအဲ့လိုနေရာစီပို့ရမယ်လို့တွေးတာနဲ့ ငါကပိုနာကျင်ရတယ်Jin....
""Jin..ကိုယ့်ကိုကြည့်..ဒီမှာ ကိုယ့်ကိုကြည့်"'
Jinမျက်နှာအားဆွဲကာ သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်...သူသိတာပေါ့..ငယ်စဉ်ကတည်းကပင် ကြင်နာနူးညံ့တတ်သော Jinက သစ်ပင်လေးများကိုတောင် အသက်ရှိသည်ဆိုကာ တန်ဖိုးထားတတ်သူ...
သူဘယ်လောက်ကြောက်နေလဲဆိုတာ မျက်ဝန်းတွေထဲမှာ အတိုင်းသား...ငါ့အမှားတွေပါJin..
""မကြောက်နဲ့.....
ပြီးတော့...ချစ်တယ်.."'""Joon"'
(ဒီလိုလေး မြင်ကြည့်👆😥)
နီးကပ်လာသော လေငွေ့နွေးနွေးမှာ အနမ်းတစ်စုံကို သူကြဲချပေးလိုက်သည်...
နူးညံ့စွာ...စွဲမက်စွာ...ထို့နောက်..ယစ်မူးစွာ..
YOU ARE READING
Puppet
Fanfictionကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ဟာ ကြိုးဆွဲသူ သခင်ကိုချစ်ခွင့်ရှိရဲ့လား?? kim Namjoon x kim seok jin❤