"လျို ကုန်းကုန်း.....သမားတော်လေး ရောက်ရှိလာပါပြီ"အထိန်းတော်တစ်ယောက်က အပြေးအလွှားလေး လျှောက်လာရင်း လျိုကုန်းကုန်းဆီသို့ သတင်းပေးပို့လိုက်သော အခါ အိပ်ဆောင်တံခါးအပြင်ဘက်မှ အလိုက်သိစွာဖြင့် အရှင်မင်းကြီးထံသို့ သမားတော်ရောက်ရှိလာကြောင်းကို လျိုကုန်းကုန်းလျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး....သမားတော်လေးရောက်ရှိကြောင်းပါ။"
"ရှေ့တော်သို့ သွင်းစေ..." သြဇာ အာဏာနှင့်လိုက်ဖက်သော အသံတစ်သံက ရှင်းလင်းစွာနှင့် နန်းဆောင်ထဲက ထွက်ပေါ်လာလေသည်။
"လျိုကုန်းကုန်းလည်း နန်းဆောင်တံခါးကို ဖွင့်ရန်အချက်ပြပြီး နောက် သမားတော်လေးကို ပင့်ဆောင်ကာ အိပ်ဆောင်ထဲသို့ဝင်ရောက်လာလေသည်။
အတန်ငယ်ကြီးမားပြီး အမြင့်တစ်တောင်လောက်ရှိသော အိပ်ယာကုတင်ပေါ်တွင် ခေါင်းအုံးများကိုထပ်ကာ အမှီပြုရင်း အနားယူနေသော ရေမြေ့သခင် ရှင်ဘုရင် အနီးသို့ ရောက်ရှိသောအချိန်တွင် လျိုကုန်းကုန်းက ဘုရင်မင်းမြတ်အားလျှောက်တင်ရန် ပါးစပ်လေးဟဖို့ပြင်လိုက်ချိန်တွင် အရှင်မင်းမြတ်က
"လျို လူကြီးမင်း....ထွက်သွားလို့ရပါပြီ။ "
...........
ဟ...ဟ... သဘောကျတဲ့ cover လေးရှာတွေ့လာလို့ ကျနော့်ရဲ့ ရတနာလေးကို ပွဲထုတ်လိုက်ပြီ....cover ရှာရတာ bill တော်တော်ကျွတ်သွားတယ်။ 😁😁😁
ဘာဆက်ဖြစ်လဲ သိချင်လား။ သိချင်ရင်ဆက်ဖတ်။ အခုက အမြည်းလာကျွေးတာ။ ရေးထားတာ အပိုင်းသိပ်မရှည်ဘူး ။ 20 ကျော်ကျော်လောက်ဘဲရှိတာ။ ဖတ်တဲ့သူအပေါ် အခြေအနေ ကြည့်ပြီး အရစ်ရှည်သင့် မရှည်သင့် ဆုံးဖြတ်မည်😂😂😂😂။
ကျနော်က အရေးအသားမကောင်းပေမယ့် ဒါလေးကို အားတော်တော်စိုက်ပြီးရေးထားတာ။အပြင်မှာ မshipရတော့ တရုတ်သိုင်းကားတွေကြည့်ရင်းနဲ့. မင်းသားနှစ်ယောက်ကို ထshipပေးလိုက်တာ။ ဘယ်လောက်အကြံကောင်းသလဲနော်။ fujoshi မမတွေတော့ ထွက်ပြေးဖို့သာပြင်တော့။ ကျနော် က မြင်မြင်သမျှ အကုန်လိုက်ပြီး ship နေတာမို့။ မင်းသားတွေကို ဘဲ shipတာနော်။ ဒါလေးက translation လည်းမဟုတ်သလို ဇာတ်ကားလေးထဲကလည်းမဟုတ်ဘူး။ ဟဲ..ဟဲ.. ကြုံတုန်းကြွားမယ် "နေပိုင်ဆိုင်တဲ့လ"ကို မရေးခင်ကတည်းက ဒါလေးကိုရေးထားတာ။ စိတ်ကြိုက်cover မတွေ့သေးလို့ ဥပြီး ပိုးမွေးသလိုမွေးထားတာ။ အခုတော့ ficနဲ့ ကိုက်တဲ့ cover လေးတွေ့လာလို့ တင်လိုက်တာ။
အားပေးကြပါဦးဗျ။
Comment လေးတွေလိုချင်ပါတယ်။ comment လေးတွေပေါ်မူတည်ပြီး up မယ်လို့သာပြောလိုက်ရင် ဒီတစ်သက် မup တော့ဘူးလို့ပြောသလိုဖြစ်သွားမှာဆိုးလို့ မပြောတော့ဘူး။
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........