အပိုင်း-၅

4.6K 342 3
                                    


"ဒုန်း..."

ဝူ​ဖေး စိတ်​မရှည်​စွာ ​သေရည်​အိုးကို ​ဆောင့်​ချလိုက်​​တော့ ခွက်​ကိုင်​ကာ​မော့​သောက်​​လိုက်​​သော ဝူရှန့်​ ခမျာ လန့်​ဖြန့်​ပြီး ​သောက်​လက်​စ​သေရည်​များကို ​လေထုထဲ ​ရောက်​​အောင်​ ဖူးခနဲ မှုတ်​ထုတ်​လိုက်​မိသည်​။ ထို့​နောက်​ အနည်းငယ်​သာ ကျန်​ရစ်​ခဲ့​သော ခံတွင်းထဲရှိ ​သေရည်​အနည်းငယ်​ကိုမျိုချလိုက်​စဉ်​ ဝူ​ဖေး၏ စကားများ​ကြောင့်​ လည်​​ချောင်းထဲသို့ ​​ချော​ ​မွေ့စွာ စီးဝင်​သွားရမည့်​ ​သေရည်​လက်​ကျန်​​လေးက အထက်​သို့ ပြန်​ဆန်​တက်​လာ​တာ​ကာ လည်​ပင်းမှာတစ်​လာတာမို့ ဝူရှန့်​ ခိုးလိုးခုလု​ဝေဒနာကို ခံစားလိုက်​ရသည်​။

"​လော့​လော့...ဒီည ငါနဲ့အတူ​နေ​ပေးမှာလားလို့ ​မေး​နေတယ်​​လေ..."

ဝူ​ဖေး ​သေရည်​ တန်​ခိုးဖြင့်​ တစ်​သက်​လုံးမ​ပြောဖူးသည့်​ စကားလုံးတို့ကို ဆိုလာ​တော့ ​လော့​လော့ ဘက်​က ​ခေါင်း​လေးသာငုံ့​နေပြီး အသံမထွက်​လာ.....

ဝူရှန့်​လည်း ကိုယ့်​ဒုက္ခကိုယ်​​မေ့ကာ ​လော့​လော့ကို တလှည့်​၊ ဝူ​ဖေးကို တစ်​လှည့်​ ကြည့်​​နေ​လေသည်​​။ ဝူရှန့်​စိတ်​ထဲတွင်​​တော့ တစ်​သက်​နှင့်​တစ်​ကိုယ်​  ဝူ​ဖေးက မိန်းက​လေးတစ်​​ယောက်​နှင့်​ အတူ​နေမည်​ဆို​တာကို ပထမဆုံးကြားဖူးရသည်​မို့ ​ပြောစရာ စကားက ရှာမ​တွေ့​အောင်​ ဆွံ့အ​နေမိသည်​။
ဝူ​ဖေးတစ်​​ယောက်​ ​လော့​လော့ဆီကို ​ချောင်း​ပေါက်​​အောင်​ လာခဲ့သည့်​ အချိန်​မှစ၍ ​လော့​လော့အ​ပေါ်ထားရှိ​သော ဝူ​ဖေး၏ ခံစားချက်​များကို ဝူရှန့် ရိပ်​မိခဲ့သည်​။ဝူ​ဖေး နန်းတက်​သည့်​အချိန်​တွင်​လည်း မိဖုရား​နေရာကို တင်​​မြှောက်​ခဲ့ခြင်းမရှိ​သေး​သော​ကြောင့်​ ​လော့​လော့ကို သံ​ယောဇဉ်​မကုန်​​သေး ဟုပင်​ ထင်​မှတ်​ခဲ့ဖူးသည်​။သို့​သော်​ ယခုကဲ့သို့​မေးလိုက်​​သော ဝူ​ဖေးစကားများက အ​တော်​ ကိုးယို့ကားယားနိုင်​လှသည်​။

"အစ်​ကို​ဝူရှန့်​....​နေရာ မဖယ်​​ပေး​တော့ဘူးလား။ ​လော့​လော့နဲ့ ​အတူတူ​နေမလို့ပါဆို​နေ။ ပြဇာတ်​ကြည့်​ဖို့​တွေး​နေတာ​တော့ မဟုတ်​ပါဘူး​နော်​..😏😏😏."

ကြင်​ယာ​တော်​အိမ်​​ရှေ့စံWhere stories live. Discover now