အပိုင်း-၂၅

1.6K 58 4
                                    

ပိုင်​ဖုန်း အသိပြန်​ဝင်​လာ​တော့ မကြာခင်​ကမှ ဓားသံတချွင်​ချွင်​နှင့်​ တိုက်​ခိုက်​​နေ​သော ​နေရာသည်​ ပကတိ တိတ်​ဆိတ်​​အေးချမ်း​နေခဲ့​ပြီဖြစ်ေ​လသည်​။ ဒဏ်​ရာ အနာတရဖြစ်​ကာ ​မေ့​မြော​နေသူတို့မှအပ ရှင်းလင်း​နေ​သော မြင်​ကွင်းထဲတွင်​ ယွီဟန်​ကိုလည်း ရှာမ​တွေ့​တော့​ချေ။ လဲ​နေသည့်​သူများကို ​တစ်​​ယောက်​တစ်​လှည့်စီ အ​သေးစိတ်​ကြည့်​ရှု စစ်​​ဆေးလိုက်​​သော်​လည်း ယွီဟန်​၏ အရိပ်​အ​ယောင်​ကိုပင်​ မ​တွေ့ရ​ချေ။ ထို့​ကြောင့်​ စိုးရိမ်​ပူပန်​မှုဖြင့်​ ​နေရာမှ ထရပ်​လိုက်​သည့်​ အချိန်​တွင်​ ပိုင်​ဖုန်းတစ်​​ယောက်​ မိုက်​ခနဲ ဖြစ်​သွား​လေသည်​။ ထို့​နောက်​ အနည်းငယ်​နာကျင်​​နေ​သေး​သော ဂုတ်​ပိုး​နေရာအား လက်​ဖြင့်​ ခပ်​ဖွဖွပွတ်​လိုက်​ရင်း လက်​ဆ​ကောင်း​သော မျက်​နှာဖုံးဝတ်​ထားသည့်​ လူများအား ပိုင်ဖုန်း ​​အသံတိတ်​ ကျိန်​ဆဲလိုက်​​လေသည်​။ သို့​သော်​ ထိုသူများအား ကျိန်​ဆဲ​နေရုံမျှနှင့်​မပြီး​သေး​ပေ။ ​နေမွန်းတည့်​ချိန်​အမှီ သံတမန်​အဖွဲ့နှင့်​ ​ပေါင်းဆုံရမည့်​ ကိစ္စကလည်း ရှိ​သေးသဖြင့်​ ကျိန်​ဆဲခြင်းအမှုကို ​ဘေးခဏချိတ်​ကာ ယွီဟန်​အား ရှာ​ဖွေရ​ပေဦးမည်​။ ထို့​ကြောင့်​ အဘယ်သို့​ရောက်​ရှိသွားမှန်း ​မသိရ​​သေး​​သော ယွီဟန်​အား ရှာ​ဖွေရန်​ ​နည်းလမ်းအချို့ကို ပိုင်​ဖုန်း ကြံဆ​တွေး​တောရ​လေသည်​။

ထိုအချိန်​တွင်​ အမှတ်​တမဲ့ဖြင့်​ ​မြေပြင်​​ပေါ်သို့ အကြည့်​​ရောက်​မိရာမှ မတိမ်လွန်း၊မနက်လွန်းလှ​​သော လှည်းဘီးရာများကို ပိုင်​ဖုန်း ​တွေ့လိုက်​ရ​လေသည်​။ တိုက်​ခိုက်​မှုတွင်​ ဝင်​​ရောက်​အကူအညီ မ​ပေး​ရ​သေးမီအချိန်​၊ မြင်​ကွင်းတစ်​​နေရာမှ ကြည့်​ရှုစဉ်​အခါက လှည်းအချို့ကို ​တွေ့လိုက်​မိသည့်​အ​ကြောင်းကို ဖျတ်​ခနဲ သတိရလိုက်​​သော ပိုင်​ဖုန်းသည်​ လှည်းလမ်း​ကြောင်းအတိုင်း လိုက်​ပါရင်း ယွီဟန်​အား ရှာ​ဖွေရန်​ ဆုံးဖြတ်​လိုက်​​လေ​တော့သည်​။

--------------------------------------------------

"အား....ကျွတ်​....ကျွတ်​...ကျွတ်​..."

ကြင်​ယာ​တော်​အိမ်​​ရှေ့စံحيث تعيش القصص. اكتشف الآن