"အရှင်မင်းကြီး.....ဆေးသောက်ရမယ့်အချိန်ရောက်ပါပြီ"
လျို ကုန်းကုန်း လည်း အိပ်ဆောင်အပြင်မှ လျှောက်တင်လိုက်ပြီး ဆေးသယ်ဆောင်လာသော သမားတော်ထံမှ ဆေးရည်ဗန်းကို ယူဆောင်ကာ အိပ်ဆောင်သို့ ဝင်ရောက်ခဲ့လေသည်။
သို့သော် အိပ်ဆောင် ထဲတွင်တွေ့လိုက်ရသော မြင်ကွင်းက လျိုကုန်းကုန်းကို အံအားသင့်စေခဲ့တာကြောင့် သယ်ဆောင်လာသော ဆေးရည်ခွက်များကိုပါ လွှတ်ချမိလုနီးနီးဖြစ်သွားသည်။
လျိုကုန်းကုန်း၏ နားထဲတွင်လည်း တအီးအီး၊ တအားအား အော်နေသော ဗလုံးဗထွေးအသံများကိုလည်း တစ်ဆက်တည်းကြားလိုက်ရသည်။ လျိုကုန်းကုန်း စိုးရိမ်လာပြီး အသံလာရာ အရှင့် စာကြည့်စားပွဲ ဆီကို သွားမိတော့ အဝတ်ကင်းမဲ့နေပြီး အပေါ်ဝတ်ပါးပါးလေးကိုသာ ဝတ်ဆင်ထားသော မိန်းမစိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
(ဂျူတီကုတ်မပါတာကို ပြောတာ လျှောက်မထင်ကြနဲ့နော်...)မိန်းမစိုးလေးအနီးသို့ကပ်သွားရင်း အသေအချာကြည့်မိတော့ ထိုမိန်းမစိုးလေးအား ကြိုးများဖြင့်အသေအချာတုပ်နှောင်ထားသည်ကို တွေ့လိုက်ရသဖြင့် အရှင့်အတွက် စိတ်ပူသွားကာ မေးလိုက်မိတော့ မိန်းမစိုးလေးက စာကြည့်စားပွဲကိုသာအတင်း မေးငေါ့ပြလေသည်။
လျိုကုန်းကုန်းလည်း စားပွဲပေါ်ကို ကြည့်မိတော့ စာလွှာတစ်စောင်ကို တွေ့သဖြင့် စာကို ယူကာ မိမိအကျင့်အတိုင်း အသံထွက်ကာ ဖတ်လိုက်မိသည်။
( ဘုရင်ကို အသံထွက်ဖတ်ပြနေကြ ဆိုတာကိုပြောတာ)"လျို အထိန်းတော်ကြီး.....
ကိုယ်တော်နန်းပြင်ထွက်ဖို့ပြောရင် အထိန်းတော်ကြီးက အန္တရာယ်များပါတယ်တို့၊ မသင့်လျော်ပါဘူးတို့ ပြောမှာစိုးလို့ ကိုယ်တော်အသိမပေးဘဲ ထွက်သွားလိုက်တာ။ တစ်ပတ်လောက်ဘဲကြာမှာမို့ တအားကြီးစိတ်ပူမနေနဲ့နော်။ ပြီးတော့ ကိုယ်တော် ကိုယ့်ကိုယ်ကိုယ် လည်းသေချာဂရုစိုက်လိုက်ပါ့မယ်။ကိုယ်ရံတော် တပ်မှူးလည်း ကိုယ်တော်နဲ့အတူပါလို့ မစိုးရိမ်နဲ့နော်...
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........