ယွီဟန်လည်း အပျော်မယ်များ၏ လက်တွင်းဝယ် မပျော်ပိုက်သဖြင့် အပျော်မယ်လေးများရှိရာ မှ တစ်ယောက်တည်းထွက်လာခဲ့လေသည်။ ပိုင်ဖုန်းကို အပျော်မယ်များ လက်တွင်း ချန်ထားခဲ့ပြီး လသာဆောင်တွင် တစ်ယောက်တည်း သောက်ရန်ထွက်လာခဲ့ပေမယ့် စိတ်ဝင်စားဖွယ်ရာ ရန်ပွဲကြောင့် လသာဆောင်သို့ပင် ဆက်မသွားနိုင်ဘဲ ရန်ပွဲကို စိမ်ပြေနပြေ ကြည့်နေလိုက်သည်။
အဖြူရောင် ဝတ်စုံလေး တလွင့်လွင့်နှင့် တိုက်ခိုက်နေသော ကောင်လေးတစ်ယောက်ကို ယွီဟန်ကြည့်ရင်း တစ်ချက်ပြုံးလိုက်မိသည်။ လူရှစ်ယောက်နှင့် တစ်ယောက် အင်အားချင်းမမျှသော တိုက်ပွဲကြောင့် ယွီဟန် ကူဖို့ရန်ပြင်လိုက်ပေမယ့် ထိုကောင်လေး၏ နောက်ကျောဘက်တွင် ကွယ်ထားသော မိန်းမပျိုလေးကို တွေ့လိုက်ရတော့ ခြေလှမ်းတွေက ချက်ချင်း တုံ့ဆိုင်းသွားလေသည်။
ပျားရည်ရောင်သမ်းသော အသားအရောင်ရှိသည့် ထို ကောင်လေးအား ထိခိုက်မည်ကို မလိုလားသော်လည်း ထိုကောင်လေးက မိန်းကလေး တစ်ယောက်ကို ကာကွယ်ပေးနေသည်ကိုတော့ ယွီဟန်မနှစ်မျို့။ ထို့ကြောင့် ယွီဟန် နံရံကို အသာမှီရင်း ရန်ပွဲပြီးဆုံးမည့် အချိန်ကို သေရည်သောက်ရင်း စောင့်နေလိုက်သည်။ စိတ်ထဲတွင်လည်း ထိုကောင်လေး ရှုံးပါစေဟု ကြိတ်ကာ ဆုတောင်းနေလိုက်သည်။ ထိုကောင်လေးရှုံးသွားသည်ဆိုလျှင် မိန်းမပျိုလေးအား ကြိုက်တဲ့သူ ကြိုက်သလိုစီရင်နိုင်ရန် တစ်ယောက်တည်းထားခဲ့ပြီး (ရက်ရောတယ်နော...)ကောင်လေးကိုသာ သွားရောက်ကယ်တင်မည်။ ကောင်လေးအား နှိပ်စက်လိုက်သော ကျေးဇူးရှင် တဖြစ်လဲ ရန်သူများကိုကား အပျော်မယ်များနှင့် တပတ်လောက် အပြင်မထွက်စေဘဲ ဂူသွင်းလေ့ကျင့်ခန်းများကို မရပ်မနားလုပ်စေခြင်းဖြင့် ကျေးဇူးဆပ်ရင်း အပြစ်ပေးလိုက်မည်။ ကြည်နူးဖွယ်ရာ မိမိ၏ အကြံအစည်ကို သဘောခွေ့ကာ ယွီဟန် တစ်ချက်ပြုံးလိုက်ရင်း လက်ထဲမှ သေရည်ကို သောက်လိုက်သည်။
CZYTASZ
ကြင်ယာတော်အိမ်ရှေ့စံ
Dla nastolatkówဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........