အပိုင်း-၁၀

3.5K 249 4
                                    


စစ်​ပွဲကာလ ကြာမြင့်​​လေ ပျက်စီး​ဆုံးရှုံးမှု ပိုများ​လေဖြစ်​တာ​ကြောင့်​ စစ်​ပွဲကို အမြန်​အပြီးသတ်​နိုင်​ရန်​သာ ယွီဟန်​ စိတ်​ထဲရှိခဲ့​လေသည်​။

ထို့​ကြောင့်​ ယွီဟန်​ လတ်​တ​လောတွင်​ စဉ်းစားခဲ့​သော ဗျူဟာအား စစ်​သူကြီးများနှင့်​ တိုင်​ပင်​​ဆွေး​နွေးမိသည်​။ ယွီဟန်​၏ စစ်​ဗျူဟာသည်​ သုံးတတ်​လျှင်​ အဆင်​​ပြေနိုင်​​ပေမယ့်​ စွန့်​စားရမည်​ဖြစ်​သည့်​အတွက်​ စစ်​သူကြီးများက သ​ဘောမတူခဲ့....

ယွီဟန်​လည်း ယခင်​ကလိုပင်​ ဆရာသခင်​နားကပ်​၍ အကူအညီ​တောင်း​သော်​လည်း ယခုအခါ​တော့ ဆရာကပါ မသင့်​​တော်​​ကြောင်း​ပြော​လေသည်​။

ယွီဟန်​​စဉ်းစားလိုက်​သည့်​ ဗျူဟာက တစ်​ဖက်​စစ်​တပ်​အနားသို့ ခိုးသွားကာ.... စစ်​တပ်​၏အ​ခြေအ​နေကို​လေ့လာပြီး အလျဉ်းသင့်​လျှင်​ တစ်​ဖက်​က​ခေါင်း​ဆောင်​၏ ဗျူဟာခင်းပုံကိုပါ စုံစမ်းခြင်း....
တစ်​ဖက်​စစ်​တပ်​အတွင်းသို့ ဝင်​​ရောက်​ဖို့ အရည်​အချင်းပြည့်​မှီသူများအ​နေဖြင့်​ ယွီဟန်​ အပါအဝင်​ စစ်​သူကြီး သုံး၊​လေး​ယောက်​သာ ရှိသည်​။ ဗျူဟာမ​အောင်​မြင်​ခဲ့၍  တိုက်​ပွဲကို ဦး​ဆောင်​မည့်​ စစ်​သူကြီးမရှိလျှင်​ တပ်​သားများစိတ်​ဓာတ်​စွမ်းအားကို ထိခိုက်​နိုင်​သည်​မို့ တိုက်​ပွဲ အ​တွေ့အကြုံအရ​ရော တပ်​သားများ၏ စိတ်​ဓာတ်​အတွက်​ပါ စဉ်းစား၍ တစ်​ဖက်​စစ်​တပ်​အ​ကြောင်း စုံစမ်းမည့်​ သူလျှိုအ​နေဖြင့်​ မိမိကိုယ်​ကိုယ်​သာ ယွီဟန်​ ပြန်​လည်​​ရွေးချယ်​လိုက်​သည်​။

ထို့​နောက်​ မကြာမီကာလတွင်​ပင်​ ယွီဟန်​ ဗျူဟာကို အ​ကောင်​အထည်​​ဖော်​ရန်​ပြင်​လိုက်​သည်​။ ယွီဟန်​လည်း  မိမိ၏အကြံအတိုင်း တပ်​သားအချို့ အရပ်​ဝတ်​နှင့်​ စခန်းချရာ  ​နေရာတစ်​ဝိုက်​ ကင်းလှည့်​ စစ်​​ဆေးရန်​သွားသည့်​အချိန်​တွင်​ ထိုတပ်​သားများနှင့်​အတူ ​ယောင်​လည်​လည်​နှင့်​ လိုက်​ပါကာ စခန်းအပြင်​သို့ ထွက်​လာခဲ့သည်​။ ထိုမှတစ်​ဆင့်​ မြို့ပြင်​သို့ ထွက်​ရန်​ ပိုင်​ဖုန်း စုံစမ်း​ပေးထား​သော လျှို့ဝှက်​လမ်းရှိရာ​နေရာကို ရှာ​ဖွေလိုက်​သည်​။ ပိုင်​ဖုန်း၏ ဆိုစကားအရ ထိုလမ်းသည်​ရန်​သူများ စခန်းချရာ ​တောအုပ်​​လေးသို့ တိုက်​ရိုက်​​ရောက်​နိုင်​ပြီး လမ်းကိုသိသူ နည်းပါးသည်​ဆို​သော​ကြောင့်​ လမ်းပြအား အသပြာများစွာ​ပေး၍ လမ်း​နေရာကို​​မေးယူထားရ​လေသည်​။ လမ်း​ပြ ​ပြောပြထား​သော အမှတ်​အသားများအား ဂရုတစိုက်​ကြည့်​ရင်းဖြင့်​ နံရံတစ်​​လျှောက်​ ယွီဟန်​လမ်းရှာ​နေမိသည်​မှာ နာရီဝက်​ခန့်​ပင်​ ရှိ​နေပြီဖြစ်​​သော်​လည်း လမ်းကိုမူကား ရှာမ​တွေ့​သေး။ လမ်းအဝင်​တွင်​ နွယ်​ပင်​များနှင့်​ ကာရံထားသည်​ဆို​သော​ကြောင့်​ နွယ်​ပင်​များကို ဂရုတစိုက်​ရှာ​သော်​လည်း ရှာမရ။ ​နောက်​ဆုံး စိတ်​မရှည်​စွာနှင့်​ မျက်​စိ​ရှေ့က ချုံပုတ်​​လေးကို ​ခြေ​ထောက်​နှင့်​ ​ဆောင့်​ကန်​လိုက်​​လေသည်​။

ကြင်​ယာ​တော်​အိမ်​​ရှေ့စံWhere stories live. Discover now