အပေါ်ပိုင်းအဝတ်မကပ်သည့် ဗလာခန္ဓာကိုယ်နှင့်မို့ ဝူဖေးတစ်ယောက် တဖြေးဖြေး ချမ်းအေးလို့လာလေသည်။ ညဦးအစက ယဇ်ရွှေရည်လေးမှီဝဲထားသည်မို့ ပူလောင်နေခဲ့သော်လည်း ယဇ်ရွှေရည်တို့ အရှိန်သေသွားပြီဖြစ်သည့် ယခုအချိန်တွင်တော့ ဘဲသတ္တဝါများလို တဂတ်ဂတ်မြည်သံပေါ်ခါနီးနီးကိုပင် အေးနေလေသည်မို့ ခြုံထားသောစောင်ကို တစ်ကိုယ်လုံးရုံမိအောင် ဆွဲကာခြုံလိုက်၏။ သို့သော် မကြာမီပင် အနှီစောင်ကား ဝူဖေးအပါးမှ တရွေ့ရွေ့နှင့် ထွက်ခွာသွားလေ၏။ ထွက်ပြေးနေဟန်ရှိသော စောင်ကို မျက်လုံးပင်ဖွင့်မကြည့်ဘဲ အားရပါးရဆွဲယူကာ ကိုယ်လုံးနှင့် ရစ်ပတ်လိုက်ရင်း ခန္ဓာကိုယ်ကိုနွေးနေအောင် ပြုလုပ်မိ၏။ သို့သော် အားပါပါနဲ့ တစ်ဖန်ဆွဲယူခြင်းခံလိုက်ရသော စောင်သည် ဝူဖေး ကိုယ်ပေါ်မှ ဖယ်ခွာ၍ လွတ်ထွက်သွားလေ၏။
ကိုယ်ပေါ်မှကွာကျသွားသော စောင်အနားကို ကိုင်ကာ တအားနင်းကန်ဆွဲရင်း ဝူဖေး ခန္ဓာကိုယ်ကိုနွေးအောင်ပြုမိပြန်၏။ သို့သော် ယခင်နည်းအတိုင်းပင် စောင်သည်ထွက်ပြေးပြန်သမို့ တွန်းလိုက်၊ ဆွဲလိုက်နှင့် အကြိမ်ကြိမ် အဖန်ဖန် လွန်ဆွဲပြီးသကာလ အောင်မြင်စွာပင် တစ်ကိုယ်လုံးကို လုံအောင် စောင်ကို ဆြွဲခုံလိုက်နိုင်ပါ၏။
"အား......"
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ယွီဟန် အိပ်နေရင်းနှင့် လစ်လပ်သွားသော စောင်ကြောင့် အေးစိမ့်သော ရာသီဥတု၏ ယုယကြင်နာပိုက်ထွေးမှုကို လက်ခံရရှိလိုက်ပါ၏။ အရိုးအကြောတစ်လျှောက် ပျံ့နှံသွားဟန်ရှိသော အချမ်းဒဏ်ကို အံတုရင်ဆိုင်ရန် လစ်လပ်သွားသော စောင်ကို ခပ်စစဆွဲကာ ယူ၍ ခြုံရန်ပြင်လိုက်၏။ သို့သော် စောင်သည်ကား လူပေါ်ပင်မရောက်လိုက်သေးခင် တစ်ဖက်မှဆွဲယူခြင်းကို ခံလိုက်ရ၏။မျက်လုံးပင်မဖွင့်ချင်အောင် အိပ်ချင်နေသည်မို့ လက်နှင့်သာ အသာစမ်း၍ စောင်ကိုယူကာ ခြုံလိုက်ပါ၏။ သို့သော် စောင်မှာမူ ဆွဲပြီးတိုင်း ပြန်ကွာသွားသည်မို့ အကြိမ်ကြိမ်အခါခါ ဆွဲယူပြီးသည့်အဆုံး ကုတင်အောက်သို့ စောင်တစ်ခြမ်းကျနေသည်အမှတ်နှင့် မျက်လုံးမဖွင့်ဘဲ စောင်ကို ကောက်ယူရန် ကုတင်စွန်းသို့် တတိတိတိုးကာသွားလိုက်၏။ သို့သော် နှစ်လှမ်းလောက်သွားမိပြီးနောက်တွင်ကား
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........