ဲယွီဟန်လည်း စခန်းမှခိုးထွက်သည့်အချိန်မှစ၍ြုပန်လာသည့်အချိန်အထိ ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရင်းများကို အတိုချုပ်ကာ အလုံးစုံ ပြောပြလိုက်တော့ ပိုင်ဖုန်း ရုတ်တရက် ထိုင်နေရာမှ ဝုန်းခနဲ ခုန်ထပြီး မေးလိုက်သည်။
"ဒါဆို မနက်ဖြန် ထပ်သွားရဦးမှာပေါ့။ အဲဒါက ခိုးထွက်မှာဆိုတော့ ဖြစ်နိုင်သေးတယ်။ အရေးကြီးတာက အဲ့မိန်းကလေးကသာ ရန်သူ့တပ်ဖွဲ့ကဆိုရင် မင်းသားနောက်ကလိုက်လာပြီး မြို့ဝင်ပေါက်ကို တွေ့သွားပြီး မြို့ထဲကို သူလျှိုတွေ ဝင်လာရင် ဘယ့်နှယ်လုပ်မလဲ။ ပြီးတော့ ...သစ်သီးယို...ဒီလိုစစ်ဖြစ်နေတဲ့ အချိန်မှာ ဘယ်သူက အေးအေးလူလူ သစ်သီးယို ထိုင်ရောင်းနေမှာလဲ။ ..."
"အဲဒါတော့ စိတ်ချ ....သူမက သာမန်အရပ်သူမဟုတ်နိုင်ဘူးဆိုတာ ကိုယ်တော် ရိပ်မိလို့ မြို့ရဲ့ မလွယ်ပေါက်ဆီကို ပြန်လာတုန်းက နောက်ယောင်ခံလိုက်တဲ့သူ မရှိတာသေချာအောင် စစ်ဆေးခဲ့ပါတယ်...."
"အံ့သြပါ့...သစ်ပင်ပေါ်ကနေ အထုခံရတာကိုတောင် မြန်မြန်တွေ့အောင် မရှာနိုင်ဘဲနဲ့....နောက်ယောင်ခံလိုက်တဲ့သူကို ဘယ်လိုများ သတိထားနိုင်မှာမို့လို့လဲ..."
ပိုင်ဖုန်းလည်း အထက်ပါစကားတို့ကို ယွီဟန်မကြားစေရန် နှုတ်မှ မပွင့်တပွင့် ပြောကြားပြီးနောက် သိလိုသောအရာကိုမေးလိုက်သည်။
"ဒါဖြင့်လည်း အဓိကဖြစ်တဲ့ သစ်သီးယိုကို ဘယ်မှာရှာမှာလဲ...."
ပိုင်ဖုန်း၏ အမေးကို ကြားလိုက်သည်နှင့် "မင်း သွားရှာလိုက်ပေါ့ " ဆိုသည့်ပုံနှင့် မျက်ခုံးတစ်ဖက်လှုပ်ပြလိုက်တော့ သည်းခြေပျက်မတတ် ပိုင်ဖုန်းဒေါသပြန်ထွက်သွားပေမယ့် တဲအတွင်းသို့ ထမင်းစားရန် အချိန်ရောက်ပြီဖြစ်ကြောင်း သတင်းပို့ရန် ဝင်လာသော တပ်သားတစ်ယောက်ကြောင့် ဒေါသကို အတင်းအကြပ် ထိန်းချုပ်လိုက်ရသော ပိုင်ဖုန်း၏ မျက်နှာမှာ ဘီလူးမကြီး သံပုရာသီး ဝါးမိသလိုပင် ရှုံ့တွန့်လိမ်နေတော့သည်။
VOCÊ ESTÁ LENDO
ကြင်ယာတော်အိမ်ရှေ့စံ
Ficção Adolescenteဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........