အပိုင်း-၂၃

1.5K 73 5
                                    

နံနက်​ အာရုံတက်​စအချိန်​ကပင်​ မျက်​နှာပူစရာ အခြင်းအရာနှင့်​ ကြုံ​တွေ့ခဲ့ရ​ပေမယ့်​ "​ကွေ့ဟွားလို" ​ဂေဟာမှ ထွက်​လာသည့်​ လမ်းတစ်​​လျှောက်​လုံးတွင်​ ဝူ​ဖေး၏ စိတ်​အ​ခြေအ​နေသည်​ အထူးပင်​ ​ကောင်းမွန်​​နေခဲ့သည်​။ မြင်မြင်သမျှ အရာအားလုံးသည်လည်း အ​ရောင်​အ​သွေးစုံလှသည့် ပန်းခင်းထဲတွင် ​လျှောက်​​လှမ်းေ​နရ​​​​​​​​သော စာ​ပေပညာရှင်တစ်ဦး၏ ခံစားမှုများပမာ သာယာလှပလွန်း​​နေခဲ့သည်။ ​ယုတ်စွအဆုံး ​ ​လက်​ဝတ်​လက်​စား ​ရောင်းချ​နေသည့်​သူများ၊ အမျိုးအမည်​စုံလှ​သော မုန့်​များကို ​ရောင်းချ​နေသူများ၊ လမ်းသွားလမ်းလာ​​များဖြင့်​ စည်​ကား​နေသည့်​ လမ်းတစ်​​လျှောက်​လုံးတွင်​ ကြားလာခဲ့ရ​သော ဆူညံသံများသည်​ပင်​ ဝူ​ဖေး၏ စိတ်​ကို အ​နှောင့်​အယှက်​ မဖြစ်​​စေနိုင်​ခဲ့​ပေ။သို့​သော်​ တစ်​ခု​သော ဆိုင်​အနီးသို့ ​ရောက်​လာသည့်​အချိန်​တွင်​ ကြားလိုက်​ရသည့်​အသံကမူ ဝူ​ဖေးအား ရုတ်​တရက်​ သတိအ​နေအထားဆွဲ၍ ရပ်​တန့်​​စေခဲ့​လေသည်​။

"​ဖေး​အော်​​ရေ...​ဖေး​အော်​...ငါ ဒီမှာ..."

တစ်​စတစ်​စနှင့်​ ပိုမို ပီသစွာ ကြားလာရ​သော ထိုအသံလာရာအား ဝူ​ဖေး အလျင်​အမြန်​လိုက်​ရှာမိ​လေသည်​။ စိတ်​ထဲတွင်​ ဖြစ်​​ပေါ်လာ​သော ယုံမှားသံသယကို မဟုတ်​နိုင်​ပါဘူးဆိုသည့်​ ငြင်းချက်​ဖြင့်​ ​ခေါင်းမာမာနှင့်​ ငြင်းဆို​နေသည့်​အခိုက်​ ဆိုင်​အ​ပေါ်ထပ်​မှ လှမ်း​ခေါ်​နေသူအား ဝူ​ဖေး​တွေ့လိုက်​ရ​လေသည်​။ ​မြွေ ​မြွေချင်း ​ခြေမြင်​သည့်​အလား အစ်​မ​တော်​အား ဆိုင်​အ​ပေါ်ထပ်​တွင်​ ​တွေ့လိုက်​ရသည့်​​နောက်​ ဝူ​ဖေးအ​တွေးထဲ ဝင်​လာသည်​ကား ထပ်​မံ ငြင်းဆိုရန်​ပင်​ မလို​လောက်​သည်​အထိ မှန်​ကန်​​နေခဲ့သည်​မှာ အစ်​မ​တော်​သည်​လည်း နန်း​တော်​အပြင်​ဘက်​သို့ ခိုး​ကြောင်​ခိုးဝှက်​ ထွက်​လာခြင်းဖြစ်​နိုင်​သည်​ဟူ၍...

ဆိုင်​အ​ပေါ်ထပ်​မှ​နေ၍ ဝူ​ဖေးအား ငုံ့ကြည့်​လာ​သော ရှန်းအာကို မြင်​​တွေ့လိုက်​ရပြီး​နောက်​ ဝူ​ဖေးလုပ်​​ဆောင်​ခဲ့မိသည့်​အရာသည်​ကား လက်​ထဲတွင်​ ကိုင်​​ဆောင်​ထား​သော ယပ်​​တောင်​ကို ​ခေါက်​သိမ်း၍ အင်္ကျီလက်​အတွင်းသို့ထည့်​ကာ ​နေရာမှ အလျင်​အမြန်​ထွက်​ခွာလိုက်​ခြင်းပင်​။ ​ပြေးနိုင်​မှ လွတ်​မည်​ဟူ​သော အသိက ဝူ​ဖေး၏စိတ်​အစဉ်​တွင်​ ကြီးစိုးလာသည့်​အချိန်​တွင်​​တော့ ဝူ​ဖေးတစ်​​ယောက်​မှာ ​ကွေ့ဟွားလို ​ဂေဟာအတွင်းသို့ ပြန်​လည်​​ရောက်​ရှိ​နေခဲ့ပြီ ဖြစ်​​လေသည်​။ အစ်​မ​တော်​အား မြင်​လိုက်​ရုံနှင့်​ နှုတ်​ပင်​မဆက်​နိုင်​ပဲ ​ခြေကုန်​သုတ်​၍ ​ပြေးလာမိသည့်​ အ​ကြောင်းအား ဝူ​ဖေးအ​သေအချာ မ​တွေးနိုင်​ခင်​မှာပင်​ ​ဂေဟာထဲသို့ ဝင်​​ရောက်​လာ​သော အစ်​မ​တော်​တို့​ကြောင့်​ တည်းခို​ဆောင်​ ရှိရာသို့ အလျင်​အမြန်​ သွားလိုက်​မိသည်​။ တည်းခို​ဆောင်​သို့ ​ရောက်​သည့်​အချိန်​တွင်​လည်း အ​မော​ဖြေမည်​ဟူ​သော အ​တွေးပင်​ မ​တွေးလိုက်​နိုင်​ခင်​မှာပင်​ အခန်း​ရှေ့သို့ ​ရောက်​လာ​သော အရိပ်​နှစ်​ခုကို မြင်​လိုက်​ရ​လေသည်​။

ကြင်​ယာ​တော်​အိမ်​​ရှေ့စံOpowieści tętniące życiem. Odkryj je teraz