အပိုင်း-၁၁

3.3K 226 0
                                    

သတိမလွတ်​​အောင်​ ပတ်​ဝန်းကျင်​ကို မပြတ်​အကဲခတ်​၍ လာ​သော ယွီဟန်​၏ ​နောက်​​ကျောဘက်​သို့ တစ်​စုံတစ်​ရာက လာမှန်​​သောအခါ ယွီဟန်​လည်း လက်​ထဲတွင်​ ကိုင်​ဆွဲလာ​သော ဓားရှည်​ကို တင်းကျပ်​စွာ ဆုပ်​ကိုင်​ရင်း တိုက်​ခိုက်​ရန်​ အသင့်​အ​နေအထားဖြင့်​ အရပ်​​လေးမျက်​နှာကို ​သေချာ​အောင်​ကြည့်​လိုက်​သည်​။ သို့်​သော်​လည်း တရားခံကား လက်​သည်​ရှာမရသည့်​အပြင်​ သုံး၊​လေးချက်​​လောက်​ပါ ဆင့်​ကာ ဆင့်​ကာ ထပ်​ အထုခံလိုက်​ရသည်​။ သုံး၊​လေးချက်​​လောက်​ တစ်​ဆက်​တည်း အထုခံလိုက်​ရ​တော့ လက်​နက်​လာရာဘက်​ကို ယွီဟန်​ ဖြတ်​ခနဲ မြင်​လိုက်​ရသည်​။ ထို့​ကြောင့်​ လက်​နက်​လာရာ သစ်​ပင်​​ပေါ်သို့ ​မော့ကြည့်​လိုက်​​တော့ သစ်​ပင်​​ပေါ်မှ ​မျောက်​က တခစ်​ခစ်​ရယ်​ရင်း အပင်​​ပေါ်က ဆင်းရန်​ပြင်​​လေသည်​။ သို့​ပေမယ့်​ သူများကို​လှောင်​ချင်​သည့်​အားကြီး​နေတာ​ကြောင့်​ ​ခြေလှမ်းပျက်​ကာ ​ခြေ​ချော်​၍ သစ်​ပင်​​ပေါ်မှ ပြုတ်​ကျ​လာ​လေသည်​။

အနက်​​ရောင်​ဝတ်​စုံကို ခန္ဓာကိုယ်​နှင့်​ တစ်​သားတည်းကျ​အောင်​ဝတ်​ဆင်​ထားတာ​ကြောင့်​ ​ပြေပျစ်​၊ကျစ်​လျစ်​​သော ခန္ဓာကိုယ်​အလှက မြင်​ရသူတိုင်းအဖို့ ဘဝင်​မခိုင်​ချင်​စရာ...ရှည်​လျားနက်​​မှောင်​​သော ဆံစုအစည်း​လေးက သစ်​ကိုင်းနှင့်​ညိသွားတာ​ကြောင့်​လည်း စုချည်​ထား​သော ကြိုး​လေးပျက်​သွားကာ ဝဲကျလာ​သော မဟူရာ​ရောင်​ဆံနွယ်​တို့က အခါကြီး၊ရက်​ကြီးများတွင်​သာ အသုံးပြုတတ်​​သော မီးကျည်​မီးပန်းများ ​ကဲ့သို့ ကောင်းကင်​ပြင်​တွင်​ ပျံဝဲ​နေသ​ယောင်​ ​ပြေ​လျော့သွား​ကာ ​ကျောထက်​ဝယ်​ ပျံ့ကျဲ​နေလေသည်​။ကျစ်​လျစ်​​သော ခန္ဓာကိုယ်​၊ နက်​​မှောင်​​သော ဆံ​ကေသာတို့နှင့်​ အားဖြည့်​ကာထား​သော ​ထိုသူ၏ မျက်​နှာငယ်​ကလည်း အပြစ်​ဆိုဖွယ်​ရာမရှိ လှပ​ကျော့စင်း​နေ​လေသည်​ မို့ ယွီဟန်​ စိတ်​ထဲတွင်​ ​ကောင်းကင်​ဘုံမှ သက်​ဆင်းလာသူအား မျက်​မြင်​​တွေ့လိုက်​ရသလိုနှင့်​ သစ်​ပင်​​ပေါ်မှ ​ချော်​ကျလာ​သော သူမအား မျက်​​တောင်​မခတ်​ ကြက်​​သေ​သေကာ ​ငေး​နေမိသည်​။

ကြင်​ယာ​တော်​အိမ်​​ရှေ့စံDonde viven las historias. Descúbrelo ahora