"အား....သွားပါပြီ။ ကုန်ပါပြီ။ ငါလေး ကျောနဲ့ ရင် တသားတည်းဖြစ်တဲ့အထိ အသားကုန် ပြေးပြီးလိုက်တာတောင် လွတ်သွားရသေးတယ်လား။ ငါလေးကို ဘယ်လိုတွေတောင် ရက်စက်တဲ့ ကံကြမ္မာကြီးလည်း...ငါလေးက ဆေးခါးကြီးမသောက်ရအောင်လေးပဲ အကူအညီတောင်းမှာလေဟာ...နောက်ကနေ တောက်တဲ့ကပ်သလို ကပ်ရင်း ငါလေးကို မိဖုရားမြှောက်ဖို့ လိုက်ပြောနေတာလည်း မဟုတ်ဘူးလေ။ဆေးလေးမသောက်ရတော့အောင် လုပ်ပေးရတာက ဘုရင်တစ်ပါးအတွက် သိပ်ပြီး ကြီးမားတဲ့ ပြဿနာမှ မဟုတ်တာ။ အဲဒါကို နောက်က ခွေးရူးလိုက်သလိုပြေးရသတဲ့လား။..."
ခါးကို ကွေးညွတ်ကာ ဒူးပေါ်တွင် လက်ထောက်လိုက်ရင်း အမောဖြေပြီးနောက် ရှန်းအာ မကျေမနပ်ဆိုလိုက်သည်။
"သခင်မလေး...ဟိုလေ ခွေးလိုက်တယ်ဆိုရင်....သခင်မလေးကလေ...အဲ...သခင်မလေးကလေ...အဲတာဖြစ်သွားမယ်ထင်တယ်..."
ဘယ်ဘက်လက်ညှိုးနှင့် ညာဘက်လက်ညှိုးတို့ကို နှစ်သွယ်ယှက်လိမ်ကာ ခေါင်းကိုမော့၍ မဝံမရဲဟန်နှင့် ပြောလာသည့် ယဉ်ယဥ့်ကို ကြည့်ရင်း ရှန်းအာ ပြောလိုက်သည်။
"နင်လေးက ငါလေးကို ဘာလေးနဲ့နှိုင်းလိုက်မှန်းရော သိရဲ့လား။ သတိရောထားမိရဲ့လား။ ငါလေးက သဘောအနေနဲ့ပဲ လုပ်ရပ်ကို နှိုင်းယှဉ်ပြတာလေ။နင်လေး စဉ်းစားကြည့်ပါလား။ ငါလေး သတိရပြီဆိုကတည်းက နင်လေးက ငါလေးကို ခစားလာခဲ့တာပဲ။ ငါလေး သတိရပြီး တစ်ပတ်လောက်နေတော့ အရှင်က ငါလေးဆီကို အလည်လာတယ်လေ။ ငါလေး နေမကောင်းတာကို လာကြည့်တာဆိုပြီး။ အဲဒီအချိန်တုန်းကတောင် အရှင့်ကို ငါလေးရဲ့ ကြင်ယာတော် အမှတ်နဲ့ မှားခေါ်ဖူးသေးတယ်။ အဲဒီတုန်းက အရှင်က ထွက်ပြေးခဲ့လို့လားလို့..."
"အဲဒီတုန်းက အရှင်က ထွက်မပြေးခဲ့ပေမယ့် သခင်မလေးကို ကုရာနတ္ထိဆေးမရှိ ပုံစံမျိုးနဲ့ သနားကြည့် ကြည့်ခဲ့တာလေ..."
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........