ယွီဟန် လက်ကလေးကမ်း၍ ကောင်လေးအား ထူရန် ပြင်လိုက်စဉ် လိပ်ပြာလွင့်နေပုံရသော လူတို့ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်ကို မြင်လိုက်၍ ခေါင်းလေးစောင်းကြည့်လိုက်ရာ လက်နက်ကိုင်ဆောင်ထားသော လူတစ်ချို့ ထပ်မံရောက်ရှိလာပြန်သည်။ မိမိတို့ရှိရာသို့ ဦးတည်လာနေသော ထိုအုပ်စုကို ကြည့်ပြီး မကြာသေးခင်ကမှ ပြီးဆုံးသွားသော ရန်ပွဲကို သတိရကာ ကောင်လေးအား ကာ၍ ရှေ့မှ ရပ်လိုက်သည်။
ကိုယ်က သိုင်းပညာကို ဘယ်လိုပင် တစ်ဖက်ကမ်းခတ်အောင်တော်နေပါစေ....လူအများကြီးနှင့်တစ်ယောက် ယှဉ်တိုက်လျှင် ဘယ်လိုမှ မနိုင်,နိုင်သည်မို့ (သူတို့က လက်နက်ပါတယ်လေ။ ယွီဟန်မှာ လက်နက်ဆိုလို့ သေရည်အိုးကလွဲပြီး ပါမှမလာတာ😁😁) ယွီဟန် ထိုကောင်လေးအား မမြင်အောင် ကာပေးနေမိသည်။ သို့ပေမယ့် သောက်ကလေးက မပါးမနပ်နှင့် ယွီဟန် အင်္ကျီစကို ဆွဲဖယ်ကာ ယွီဟန်ကို ကျော်၍ လက်နက်ကိုင်ထားသော အဖွဲ့ကို ကြည့်ရန် ကြိုးစားနေလေသည်။ ယွီဟန်လည်း ထိုကောင်လေး၏ လက်ကို ပြန်လည်ပုတ်ချလိုက် ၊ အရှေ့က အဖွဲ့ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေချိန်တွင် ထိုအဖွဲ့၏ ခေါင်းဆောင်ဟုထင်ရသော အရပ်ရှည်ရှည် ၊ပိန်ပိန်ပါးပါးနှင့် ခပ်ချောချော လူတစ်ယောက်က ယွီဟန်ရှေ့တွင်ရပ်ကာ ယွီဟန်ကို ကြည့်လိုက်သည်။ ယွီဟန် လည်း ခပ်တည်တည်နှင့် စကားပြောရန် ပြင်လိုက်ပေမယ့် ထိုသူက ယွီဟန်ကို ကျော်ကာ ကောင်လေးဆီသို့ ဦးတည်သွားရင်း ကောင်လေးရှေ့တွင် စိတ်ဆိုးနေသော အမူအရာနှင့် ရပ်လိုက်တော့ ကောင်လေးက မချိုမချဉ် အပြုံးလေးပြုံးပြလိုက်သည်။ ထိုသူက လက်လေးကမ်းပေးလိုက်ချိန်တွင် ကောင်လေးက နူးနူးညံ့ညံ့ အသံလေးနှင့် သူမထနိုင်ကြောင်းပြောတော့ ကောင်လေးကို ထိုသူကိုယ်တိုင်ပင် ပွေ့ချီကာ ခေါ်သွားလေသည်။
(Bridal style ပွေ့သွားသည် ဟု မှတ်ပါရန်)
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........