De Pa's Diary (zawgyi)

4.6K 288 0
                                    


ဇန်နဝါရီလ ၆ရက်၊ ၂၀၁၂ ၊သောကြာနေ့

ဘောလုံးကိုကန်ရတာလည်းမကြိုက်၊ဘောလုံးပွဲကြည့်ရတာလည်းကျွန်တော်မကြိုက်။ဒါပေမဲ့ ဒီနေ့ ကိုဝဏ္ဏတို့၈တန်း အသင်းနဲ့ကိုးတန်းအသင်းတို့ ဗိုလ်လုပွဲလို့ကြားတော့ ကျောင်းဝန်းအလယ် ဘောလုံးကန်မဲ့နေရာကို ကျွန်တော် ရောက်သွားတယ်။ဘောလုံးနဲ့ပက်သက်ပြီးကျွန်တော်နားမလည်ပေမဲ့ ကိုဝဏ္ဏက ကျန်တဲ့သူတွေထက်တော်တာကိုတော့ သိသားပဲ။

ကျွန်တော်ကြည့်နေတဲ့နေရာက ကန်နေတဲ့သူတွေနဲ့ အရမ်းနီးနေလို့လားတော့မသိ။တစ်ကြိမ်မှာတော့ အရှိန်ပြင်းပြင်းဘောလုံးက ကျွန်တော့်မျက်နှာကိုလာရိုက်တယ်။ကျွန်တော်မေ့သွားတယ်ထင်တယ်။လူတစ်ယောက် ကျွန်တော့်ကိုကျောပိုးသွားတာတော့ နည်းနည်းမှတ်မိတယ်။အဲဒီနေ့က ကျွန်တော့်ကို ဆေးမှူးဆီကျောပိုးပေးသွားတဲ့သူက ကိုဝဏ္ဏတဲ့လေ။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now