11 : De Pa (Unicode)

1.8K 123 4
                                    

အိမ်ရှေ့ ဂစ်တာသံကြောင့် ကျွန်တော်နိုးလာတယ်။နာရီကို ကြည့်တော့ ည ၁၀နာရီထိုးနေပြီ။ဂစ်တာသံခပ်ဖွဖွနဲ့ အတူကျွန်တော်မှတ်မိနေတဲ့ အသံကိုကြားလိုက်ရတယ်။ကိုဝဏ္ဏ။

သီချင်းကဟောင်းနေပေမဲ့ လူတိုင်းနီးပားကြိုက်နေကြဆဲ သီချင်းပာပဲ။

"ဒီတစ်ညတော့ ကောင်မလေးရာ"နဲ့အစချီတဲ့ သီချင်း။သီချင်းကို အသေအချာအာရုံစိုက်မိတော့ သီချင်းထဲက ကောင်မလေးဆိုတဲ့ အသုံးအနှုန်းက ကျွန်တော့်စိတ်ကိုလေးလံသွားအောင် လုပ်လိုက်တယ်။ကျွန်တော်တို့လမ်းထဲမှာ အပျိုလေးဆိုလို့ ကျွန်တော့်အစ်မတစ်ယောက်တည်းရှိတာကို စဉ်းစားမိလိုက်တယ်။ဂစ်တာ သံကလည်း နီးနီးကပ်ကပ်ကြီးကြားနေရတော့ ကျွန်တော်တို့ အိမ်ရှေ့မှာ ကိုဝဏ္ဏတို့တီးနေတာ ဖြစ်မှာပော့ ။အစ်မနဲ့ ကိုဝဏ္ဏ သူငယ်ချင်းဆိုတာထက်ကို ပိုသွားပြီလား။ကျွန်တော် စိုးရိမ်သွားပာတယ်။

ချစ်တယ် ချစ်တယ် ချစ်တယ်
ပြောလိုက် ပါရစေကွာ
ကလေး လေးအနားရောက်ခဲ့တဲ့အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
အမြဲတမ်းလွမ်းနေတယ်
အချိန်တွေ ပေးခဲ့ရင်
နေ့တိုင်း...တွေ့ချင်တယ်

ကိုဝဏ္ဏဆိုနေတဲ့ သီချင်းက ကျွန်တော့်အတွက်မှမဟုတ်ဘူးဆိုတာကို တွေးလိုက်မိတော့ ကျွန်တော်စိတ်ညစ်သွားပာတယ်။

ခဏနေတော့ အစ်မကကျွန်တော့်ကိုလာနိုးတယ်။

"ဒီပ ခဏထဦး"

"ဘာလဲဗျာ"

"ဒာလေး ဝဏ္ဏတို့ကို သွားပေး,ပေး နော်"

သူ့လက်ထဲက မီးထွန်းထားပြီးသား ခြင်ဆေးခွေကို ကျွန်တော့်လက်ထဲထည့်ပေးလိုက်တယ်။

"မသွားချင်ပာဘူး နင်ပဲသွားပေးပာလား"

"သွားပာဟယ် ငာနင့်ကိုနောက်နေ့ မုန့်ဖိုးပေးမယ်လေ"

"မသွားချင်ပာဘူးဆို"

"သွားပာ ဝဏ္ဏတို့ ခြင်တွေကိုက်နေတော့မယ်"

ခြင်ထောင်ထဲကနေ ထွက်လာတာခဏလေးပဲ ရှိသေးတဲ့ကျွန်တေယ်တောင် ခြင်ကိုတဖျပ်ဖျပ် ရိုက်နေရတာ။လက်ကဂစ်တာကိုပဲ တီးနေရတဲ့ ကိုဝဏ္ဏကို ခြင်တွေကိုက်မှာစိုးတဲ့စိတ်က ကျွန်တော့်ကိုမသွားဖြစ်အောင် မတားနိုင်ပာဘူး။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now