18 : Dee Pa (Unicode)

2K 93 3
                                    

ကိုဝဏ္ဏဆီမှဖုန်းဝင်လာသောအချိန်မှာညဉ့်တော်တော်နက်ပြီထင်ပါတယ်။ဖုန်းသံကိုတစ်ကြိမ်တည်းကြားပြီ နိုးလာတာတော်သေးပါရဲ့။ကိုဝဏ္ဏဖုန်းများခေါ်မလားလို့မျှော်ခဲ့ပေမဲ့ ညဆိုစောစောအိပ်တတ်တဲ့အကျင့်ကလည်းဆိုးသားလား။

"ဒီပ အိပ်နေပြီလား"

သူအားနာသွားမှာစိုးတာနဲ့ အမှန်အတိုင်းမပြောပြလိုက်တော့ပါ။အိပ်ယာကနိုးခါစအသံမပေါက်အောင်တော့ကြိုးစားပြောရတာပေါ့။

"မအိပ်သေးပါဘူး ကိုဝဏ္ဏရ ဘာပြောမလို့လဲ ပြောလေ"

"ဟို..."

ဘာများပြောမလို့ အားနာနေတဲ့အသံပေါက်နေသလဲတော့မသိ။

"ငါ ဗိုက်ဆာလို့ အိမ်မှာဘာမှမရှိဘူးလေ အဲဒါတခုခုများစားစရာရှိလားလို့"

ကိုဝဏ္ဏအသံမှာဒီတစ်ကြိမ်တော့ချစ်စရာပိုကောင်းနေပါတယ်။တစ်ယောက်တည်းကြိတ်သဘောကျနေတာနဲ့ ဖြေဖို့တောင်မေ့လို့။

"ခေါက်ဆွဲထုတ်ပဲရှိတယ် ကိုဝဏ္ဏရ"

"လာပြုတ်ကျွေးလေ"

ပြောနေစရာတောင်မလိုတာကိုဝဏ္ဏသိသင့်ပါတယ်ဗျာ။

"ဒီအတိုင်းတော့ ဘယ်ရမလဲ"

"ကဲ ပြော ဘာလုပ်ပေးရမလဲ"

ဂစ်တာတီးပြရမယ်လို့လည်းဆိုရော ကိုဝဏ္ဏဘက်ကရယ်သံတိုးတိုးကြားရတယ်။

"အေးပါကွာ လာခဲ့"

ခေါက်ဆွဲထဲထည့်ဖို့တစ်ခုခုရှိမလားရှာကြည့်ပေမဲ့ ကြက်ဥနှစ်လုံးကလွဲပြီးဘာမှမရှိပါ။ရှိမယ်ထင်လို့ ကြက်ဥချောင်းတွေမယူလာမိတာ မှားတာပဲ။

"ဘာမှလည်းမရှိဘူး"

"ဘာမှမထည့်လည်း ကောင်းမှာပဲလေ မင်းချက်တာပဲကို"

အတည်ပြောသလား၊နောက်ပြောသလားမသေချာလို့ကျွန်တော့်ထက်နှစ်လက်မလေးပိုရှည်တဲ့ ကိုဝဏ္ဏကိုမော့ကြည့်တော့ "တကယ်ပြောတာ" တဲ့။

"ကျွန်တော့်လက်ရာလည်းမစားဖူးဘဲနဲ့ဗျာ"

"မစားဖူးပေမဲ့ မင်းအချက်အပြုတ်တော်မှန်းယုံလို့ပေါ့"

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now