သီတင်းကျွတ်အခါသာရှိသေးသော်လည်း ဒီနှစ်ဆောင်းအဝင်စောခဲ့ပါတယ်။လာမဲ့တစ်ရက်နှစ်ရက်ဆိုရင်လပြည့်ပြီ။လပြည့်နေ့မှစတင်ကာ ကျောင်းမှာလုပ်ရပြုရမဲ့ဝေယျာဝစ္စများလာလိမ့်မည်။ကထိန်ပွဲနှင့်ကထိန်အောင်ပွဲမှာ နီးကပ်လာပြီလေ။
အဲဒီမတိုင်ခင်တော့ ဆရာတော်ဘုရားက ကျောင်းသားအားလုံးကို အိမ်ပြန်အနားယူခွင့်ပေးပါတယ်။ပြန်ရမဲ့အိမ်မရှိသောသူများ၊နေရပ်ဝေးသောသူများရှိပေမဲ့ ကျောင်းတွင်ကျန်ရစ်ခဲ့မယ့်လူနည်းစုထဲမှာ သူ့ကိုတော့မပါစေချင်ပါ။ မိသားစုဝင်မရှိတော့တဲ့ အတွက် ဇာတိကိုပြန်လို့မရပေမဲ့ ကျွန်တော့်အိမ်ကိုခေါ်သွားဖို့စိတ်ကူးလိုက်မိပါတယ်။သူတောင်ကုန်းကိုရောက်လာတဲ့ လေးနှစ်အတွင်းမှာ ကျွန်တော့်အိမ်မှာသူနေခဲ့ဖူးတာပဲ။ ဘုန်းတော်ကြီးကျောင်းထက်စာရင် ကျွန်တော့်အိမ်က သူ့အတွက်ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်မှာပဲ။ သီတင်းကျွတ်မှာ သူငယ်ချင်းကို ပျော်စေချင်တာပေါ့။
"အောင်လေး ဒီညငါအိမ်ပြန်ရင်ငါနဲ့လိုက်ခဲ့"
စားဖိုဆောင်အနောက်ပေါက်မှာထိုင်နေတဲ့သူ့ဘေးထိုင်လိုက်သည့့်တိုင် ကျွန်တော့်ကိုသူသတိမပြုမိ။ ပခုံးကိုလှုပ်နိုးတော့မှ ကျွန်တော့်ဆီ အာရုံရောက်လာတယ်။
"ဒီည ငါအိမ်ကိုလိုက်ခဲ့လို့ပြောတာ"
ခန့်မှန်းခဲ့တဲ့အတိုင်းသူငြင်းပါတယ်။
"မင်း ငါ့ကိုသနားနေပြန်ပြီလား ငါ လွန်ခဲ့တဲ့လေးနှစ်က ကလေးမဟုတ်တော့ပါဘူး"
ထုံးစံအတိုင်း ကျွန်တော့်ရဲ့အပြုအမှုမှန်သမျှကို ဂရုဏာသက်ခြင်းလို့သံံသယဝင်ပြန်တယ်။
"မင်းကိုသနားလို့ခေါ်တာမဟုတ်ဘူး ဟေ့ကောင် မင်းနဲ့တစ်အိပ်ယာထဲမအိပ်ရရင် မအိပ်မပျော်လို့ဟေ"
"မင့်မှာလည်း လက်ရှိတာပဲ ငါ့ကိုပဲအားကိုးမနေနဲ့လေ ပြန်မှာ နှစ်ညထဲကိုကွာ ကိုယ့်လက်ကိုသုံး"
"ငါ နှစ်ရက်လောက် ဘာမှမလုပ်ဘဲနေနိုင်ပါတယ်ကွာ မင်းကိုလာစေချင်လို့ခေါ်တာလေ ပြီးတော့ အဖေ့ကိုအပူကပ်ပြီး ကျိုက်ခမီလိုက်ပို့ခိုင်းမယ်လေ မနက်ဖြန် အဖိတ်နေ့ဆိုတော့ မီးမျောတဲ့သူရှိမှာပဲ မင်းကျိုက်ခမီသီတင်းကျွတ် တစ်ခါမှမကြုံဖူးဘူး မဟုတ်လား"
YOU ARE READING
သူစိမ်း (Unicode & Zawgyi) [ Completed ]
HumorUnicode အဖေ့ငယ်ချစ်က ယောက်ျားတစ်ယောက်ဆိုတာကိုမထင်မှတ်ဘဲ သိလိုက်ရတဲ့အပြင် အဲဒီလူနဲ့သူ့အဖေ အတူနေကြတဲ့အခြေအနေကို straight ဖြစ်နေတဲ့ဝဏ္ဏကဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုနားလည်ပေးမလဲ? တစ်ချိန်တည်းမှာပဲ ရည်းစားဦးရဲ့မောင်က သူ့ကိုချစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့...