8 : Wunna (Unicode)

2.2K 145 7
                                    

အပြင်မှာလည်းနေကခြစ်ခြစ်တောက်တောက်ဆိုတော့ အပြင်လည်းမထွက်ချင်တာနဲ့ မနက်ကဖက်နေတဲ့ဝတ္ထုစာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။အိမ်မှာတော့ ကျွန်တော်တစ်ယောက်တည်းသာ။ဟိုလူလည်း အဖေနဲ့အတူ ခြံထဲလိုက်သွားပါတယ်။

ကျွန်တော်တို့လမ်းထဲမှာ ကလေးလေးတွေရှိကြပေမဲ့ ထွက်ကစားတာမတွေ့။ဒီဘက်ခေတ်ကလေးတွေက ဖုန်းပဲသုံးနေကြတယ်ထင်ပါရဲ့။ကလေးသံ၊ခွေးသံ မကြားဘဲ အတိတ်ကြီးတိတ်နေတော့ အာရုံကဖတ်နေတဲ့စာအုပ်ဆီမှာ လျော့လောကာ ပျင်းရိချင်လာတယ်။စကားပြောဖော်လေးတစ်ယောက်လောက်ရှိရင်တော့ ကောင်းမှာပဲ။

သူငယ်ချင်းအရင်းကြီးတွေကလည်း အိမ်မလာကြ။စကားပြောဖော်ဆိုမှ ဒီပကိုအမှတ်ရသွားတယ်။အဲဒီ့ကလေး ဒီနေ့ ဘာတွေလုပ်နေလဲမသိ။ခြံချင်းကပ်ရက်မလို့ အရင်နေ့တွေက တွေ့တွေ့နေရပေမဲ့ ဒီနေ့တော့ အရိပ်အယောင်လေးတောင်မတွေ့။ပူတယ်၊ပူတယ်လို့ ကလေးလေးလိုညည်းညူတတ်တဲ့ အသံကိုလည်း မကြားရသေး။

ဒီကောင်လေးအကြောင်းတွေးမိမှ ငယ်ငယ်တုန်းကနဲ့ဘာထူးလို့လဲ။သူငယ်ချင်းတွေနဲ့ကစားနေတုန်း သူမနိုင်တာတစ်ခုခုများရှိရင်၊ရန်တွေများဖြစ်လာခဲ့ရင် မျက်ရည်စက်လက်နဲ့ အစ်မတွေ၊အမေတွေကို ဂျီကျတတ်တဲ့ကလေး။အခုလည်း ငိုပြီးအပူကပ်တာမျိုးမရှိတော့ပေမဲ့ လိုချင်တာများ၊လုပ်ချင်တာများတစ်ခုခုရှိရင် ချွဲလိုက်တာများ ကျွန်တော် မြင်နေရသားပဲ။တစ်နေ့ကတောင် မှန်ဘီလူး လိုချင်တယ်ဆိုပြီး အမေကိုချွဲနေသေးတာကို ဒီဘက်ခြံကနေ မြင်ခဲ့ရတာပဲ။သူ့ခွျှဲပုံလေး သဘောကျလို့ မှတ်တောင်မှတ်မိနေတယ်။

"အမေတို့က သားယောက်ျားလေး တစ်ယောက်တည်းရှိတာကို စိတ်ချမ်းသာအောင်မထားချင်ဘူးလားလို့ အဘွားပဲကောင်းတယ်" တဲ့လေ။

သူ့အကြောင်းတွေးမှပဲ ငယ်ငယ်တုန်းကပုံရိပ်တွေက အတွေးထဲရောက်လာတော့တာပဲ။

                                              *
ဇန်နရီဝါလထဲဝင်ပြီဆိုတော့ နေ့လယ်ခင်းက သိသိသာသာပူအိုက်လာတယ်။ကျောင်းပိတ်ရက် အပြင်လေးဘာလေးထွက်ဖို့တေးထားပေမဲ့ ပူလိုက်လောင်လိုက်တဲ့ နေဒဏ်ကို ဘယ်သူမှ မခံနိုင်ဘဲ အိမ်ထဲမှာသာသူငယ်ချင်းတွေ စကားပြောနေကြရတယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Opowieści tętniące życiem. Odkryj je teraz