14 : Wunna (Unicode)

1.7K 118 2
                                    

September မိုးနှောင်းကဒီနေ့မှတဖွဲဖွဲနဲ့အရွာကောင်းနေတော့တယ်။ စာမေးပွဲထဲမှနာရီဝက်စောပြီးထွက်ခဲ့ပေမဲ့ စုလဲ့ကိုစောင့်ရပါတယ်။မကြာပါဘူး ကျောင်းကန်တင်းမှာထိုင်ရင်းသောက်နေတဲ့လက်ဖက်ရည်မကုန်ခင်ပဲရောက်လာတယ်။ နယ်ပြန်ရတော့မယ့်အသိကြောင့်လားမသိ၊ ဒီတစ်ရက်နှစ်ရက်အတွင်း စုလဲ့ကိုမြင်လိုက်တိုင်း ကျွန်တော်အတွေးများရတယ်။ ဒီနှစ်ဝက်ကျောင်းပိတ်ရက်က အရင်နှစ်ဝက်ပိတ်ရက်လိုမှမဟုတ်ဘဲ။ကျောင်းကိစ္စမရှိတော့လို့ ရန်ကုန်ကိုထပ်ရောက်စရာမရှိဘူးလို့ပြောလို့ရပေမဲ့ နိုင်ငံခြားဘာသာနဲ့ကျောင်းပြီးထားသောသူတစ်ယောက်အတွက် ရန်ကုန်ကသိပ်အလှမ်းဝေးတဲ့နေရာလည်း မဟုတ်လှပါ။

ပုခုံးကျော်ရုံဆံနွယ်နဲ့ကျွန်တော့်ချစ်သူက မြန်မာဆန်လှတယ်မဟုတ်သော်လည်း ခေတ်ရှေ့လည်းပြေးမနေပါ။ ကျွန်တော်ရှိရာကိုဝင်လာတော့ သူ့မျက်နှာမှာအပြုံးနဲ့။ သွားချိုင့်မရှိပေမဲ့ ကျွန်တော်စွဲလမ်းရတဲ့အပြုံးပေါ့။

"ပြုံးနေပုံထောက်တော့ သိပ်ဖြေနိုင်ပုံရတယ် ဟုတ်စ"

"စာမေးပွဲကြောင့်မဟုတ်ဘူး နင်အခုဖြစ်နေတဲ့ပုံကိုကြည့်ပြီး ရယ်ချင်လို့"

"ဟ ငါ့ပုံကဘာဖြစ်နေလို့လဲ"

"ကိုယ့်ရုံကိုမှန်ထဲပြန်ကြည့်" ဆိုပြီးဖုန်းscreenမျက်နှာရှေ့ထိုးထည့်တယ်။ ကျွန်တော့်ကိုထပ်ပြီး ပြောရက်လိုက်တာက

"နင့်ရုပ်နဲ့ငါ့ကိုအဲဒီလိုကြည့်တော့ နှာဗူးနဲ့တူတယ်ဟဲ့"

"နင်ငါ့ကို ဒီလိုပဲပြောတယ်ပေါ့"

"အေး အဲဒီထက်တောင်ပြောချင်တာ မ.."

သူစကားမဆုံးခင်ကျွန်တော်စကားဝင်ဖြတ်ရပါတယ်။ဘယ်နှယ့်။ကိုယ့်ချစ်သူကို အဲဒီလိုလူမျိုးနဲ့နှိုင်းစရာလားဗျာ။

"တော်ပြီ ဆက်မပြောနဲ့တော့"

နည်းနည်းတည်သွားတဲ့မျက်နှာရိပ်ကိုကြည့်ပြီး စတာဆိုပြီး နှာခေါင်းထိပ်ကိုတို့သွားပါသေးတယ်။

"ဟီး...ချစ် လို့စတာကို နင်ကလည်း"

နောက် ကျွန်တော်ပြောပြထားပြီသားနယ်ပြန်မယ့်အကြောင်းကိုလည်းမမှတ်မိသလိုပြန်မေးပြန်တယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Tahanan ng mga kuwento. Tumuklas ngayon