16 : Wunna (Unicode)

1.8K 112 3
                                    


🚨🚨Adult Content Warning! The following chapter nay contain sexual content only appropriate for adult readers. For those who are under age and who are not fans of adult content, you may third part of the chapter. 🚨🚨

_________________________________________

Rythm ညိမ့်ညိမ့်လေးနဲ့ဂစ်တာသံကြားရပေမဲ့ဒီပမှန်းကျွန်တော်မသိခဲ့ပါ။ရှင်းလင်းပြတ်သားပြီး နားဝင်ချိုတဲ့အဆိုသံကြားမှ ကျွန်တော်နဲ့ရင်းနှီးနေတဲ့အသံဖြစ်နေမှန်းသိရတယ်။ သီချင်းနဲ့ပက်သက်ပြီး ဒီပရဲ့အကြိုက်ကတော့အခြားသူတွေနဲ့မတူမှန်း သူတီးနေတဲ့သီချင်းကိုကြားရင်သိနိုင်တယ်။ ခေတ်ပေါ် Hip Hop သီချင်းအများစုကြိုက်တတ်တဲ့အရွယ်က ကျွန်တော်တို့ငယ်ငယ်တုန်းက လူနည်းစုပဲကြိုက်ကြတဲ့ သီချင်းကိုမှ ရွေးဆိုပါရဲ့။

သူဆိုနေတဲ့ "နှလုံးသားဇာတ်ညွှန်း" ဆိုုတဲ့သီချင်းမှာမူရင်းအဆိုတော်ထက်ပင်ကောင်းနေသလို။စုံတွဲသီချင်းကို တစ်ယောက်တည်းဆိုနေတာက တစ်မျိုးထူးခြားပြီး နားထောင်ကောင်းနေတယ်။

မျက်လုံးထဲမှာဒီပပုံရိပ်ဝင်လာတော့ စုလဲ့နဲ့ပြောဖြစ်ခဲ့တဲ့စကားတွေကိုသွားအမှတ်ရတယ်။ ဒီပ ကျွန်တော့်ကိုဖွင့်ပြောပြီးနောက်တစ်ရက်နှစ်ရက်မှာပဲ စုလဲ့ကိုဒီပအကြောင်း ပြောပြဖြစ်ပါတယ်။အဲဒီတုန်းက ကိုယ့်ရည်းစားတစ်ယောက်လုံးကို အခြားကောင်လေးတစ်ယောက်နဲ့ ကြည်ဖြူနိုင်လွန်းတဲ့ စုလဲ့စကားသံတွေကို ပြန်ကြားမိတယ်။

"နင့်ကို လက်ဆောင်တွေပို့နေတဲ့တစ်ယောက်ကလည်း သူပဲလားမသိဘူးနော်"
ကျွန်တော်တောင်မစဉ်းစားမိတဲ့ ကိစ္စကို သူ ရှာရှာကြံကြံတွေးတတ်ပါတယ်။

"မဟုတ်လောက်ပါဘူး"

"ပြန်စဉ်းစားကြည့်ဦး လက်ဆောင်ပို့တဲ့သူရဲ့နာမည် နဲ့ အဲဒီကောင်လေး ဆက်စပ်မှုမရှိဘူးလား"

"ဒီပ နဲ့ midnight နဲ့ဘာမှမဆိုင်ဘူးလေ"

"အဲဒီကောင်လေးပုံ ငါ့ကို ပြကြည့်"

ကိုယ့်ရည်းစားတစ်ယောက်လုံးကိုချစ်ပါတယ်လို့ဝန်ခံထားတဲ့ကောင်
ကလေးတစ်ယောက်ကို စုလဲ့အတော်လေးစိတ်ဝင်စားနေတာကိုတော့ ကျွန်တော်ဘဝင်မကျပါ။ကြည့်ချင်တယ်ဆိုတော့လည်း ပြရပါတယ်။ တစ်နေ့က မထင်မှတ်ဘဲ ရိုက်လိုက်မိတဲ့ ပုံကို application နဲ့စင်ဒရဲလားပုံဖြစ်အောင်လုပ်ထားတဲ့ပုံကိုပြလိုက်တယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Donde viven las historias. Descúbrelo ahora