ဝဏ္ဏ
ခြံထဲကနေ အဖေပြန်ရောက်လို့ ကျွန်တော်တွေ့ခဲ့တဲ့ဓတ်ပုံကို အဖေ့လက်ထဲထည့်တော့ အဖေက အံ့သြဟန်မပြ။ တည်ငြိမ်နေလို့ ကျွန်တော်တောင် အံ့သြရပါတယ်။ဓတ်ပုံထဲက
ဦးအောင်ကျော်ဟုထင်ရသောလူကြီးတစ်ယောက်၊ အမျိုးသမီးကြီးတစ်ယောက်နဲ့ ဦးအောင်ကျော်ဆိုပြီးအိမ်မှာနေ နေတဲ့လူ၊ သူတို့သုံးဦးမှာ ကျွန်တော့်ကိုငေးကြည့်နေလို့။"ဟိုလူက အဖေ့သူငယ်ချင်းမဟုတ်ဘူးမလား"
"အေး" ဆိုတဲ့အဖေ့တုံ့ပြန်စကားကြောင့် ကျွန်တော်ပိုအံ့သြရပါတယ်။ အဲဒီလူ ဦးအောင်ကျော်မဟုတ်မှန်း အစကတည်းကအဖေသိခဲ့သလား။ ကျွန်တော်မမေးခင်မှာပဲ အဖေက အဖြေပေးပါတယ်။
"သူ အိမ်ကိုစ စရောက်ခြင်းတော့ အောင်ကျော်လို့ပဲအဖေထင်ခဲ့တာ၊ သူလည်းဘာမှ မပြောဘူး၊ အဲ သုံးလေးရက်ကြာတော့ သူကအောင်ကျော်မဟုတ်တဲ့အကြောင်း အောင်ကျော်ရဲ့သားဆိုတဲ့အကြောင်း ပြောပြတယ်၊ အဖေ့ကိုတွေ့ဖူးချင်လို့လာတာတဲ့ အဖေ့အကြောင်းဘယ်လိုသိလဲတော့မသိဘူး အိမ်ကိုဘယ်လိုတွေ့သလဲ အဖေမသိဘူး မေးလည်းမမေးတော့ဘူး ဒီမှာနေပါရစေဆိုလို့ ခွင့်ပြုလိုက်တာပဲ လူငယ်သဘာဝ အိမ်နဲ့ပြသနာတခုခုရှိလို့ပဲဆိုပြီး မှတ်တာပေါ့ သုံးလေးလကြာတော့ အဖေ့ကို အကြောင်းစုံပြောပြတာပါပဲ"
"အဖေနဲ့သူက ဟိုလိုမျိုးမဟုတ်ဘူးပေါ့ ဟိုတစ်ခါအိပ်ယာထဲမှာ"
ကျွန်တော်ပြောရခက်နေတဲ့စကားကို အဖေနားလည်မယ်ထင်ပါရဲ့။
"သူက အောင်ကျော်မဟုတ်ဘူးပဲပြောတာလေ အဖေနဲ့သူ ဟိုလိုမျိူးမဟုတ်ဘူးလို့ပြောတာမှမဟုတ်တာပဲ"
ကျွန်တော်နားရှုပ်သွားသလိုလိုရှိတယ်။
"ပြောရင် အရှည်ကြီးပဲ မင်းသိချင်ရင်နောက်ပြောပြမယ် မင်းထင်သလို အဖေ့ကိုသူလိမ်ထားတာ မရှိဘူး ဝဏ္ဏ"
"အစကတည်းက ပြောရောပေါ့ဗျာ"
ကျွန်တော်ထင်ထားသလို ဟိုလူက အဖေ့ကိုလိမ်ညာထားတာမရှိကြောင်းသိရရုံတော်ပါပြီ။ ကျွန်တော်နဲ့အသက်မတိမ်းမယိမ်းလူတစ်ယောက်နဲ့ အဖေဘယ်လိုဘယ်ပုံ မေတ္တာမျှတဲ့အကြောင်း နားမထောင်ချင်တော့။ ဘယ်လိုပဲ အမြင်ကျယ်တဲ့လူဖြစ်နေပါစေဦး၊ ကိုယ့်အဖေရဲ့ လိင်တူအချစ်ဇာတ်လမ်းကိုဘယ်သားသမီးမှ လွယ်လွယ်ကူကူနားထောင်နိုင်မယ်လို့ ကျွန်တော်မထင်။ တွေးကြည့်ရုံနဲ့တင် ကသိကအာက်နိုင်လှတဲ့ ကိစ္စလေ။
ESTÁS LEYENDO
သူစိမ်း (Unicode & Zawgyi) [ Completed ]
HumorUnicode အဖေ့ငယ်ချစ်က ယောက်ျားတစ်ယောက်ဆိုတာကိုမထင်မှတ်ဘဲ သိလိုက်ရတဲ့အပြင် အဲဒီလူနဲ့သူ့အဖေ အတူနေကြတဲ့အခြေအနေကို straight ဖြစ်နေတဲ့ဝဏ္ဏကဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုနားလည်ပေးမလဲ? တစ်ချိန်တည်းမှာပဲ ရည်းစားဦးရဲ့မောင်က သူ့ကိုချစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့...