12 : Chan Khin (zawgyi)

3.3K 268 28
                                    

အခုတလော ဒီပ သူ့အဘွားအိမ်မှာပဲ အနေများတာကို ကျွန်တော် သတိထားမိနေတယ်။ အိမ်ကလူတွေနဲ့များ ရန်ဖြစ်ထားတာလား မသိ။ တက်တက်ကြွကြွအရမ်းရှိတဲ့ကောင်လေးက အခုများကျတော့ တွေ့လိုက်ရင် ငိုင်တိုင်တိုင်နဲ့။အခုလည်း ငုပ်တုပ်ကြီးထိုင်ပြီး ဘာတွေ
တွေးနေလဲမသိ။

"ဒီပ ဘာတွေတွေးနေတာလဲ"

"ဗျာ"

ဒီဘက်အိမ်ပေါ်ပြတင်းပေါက်ကနေ ဟိုဘက်အိမ်ကိုအော်ခေါ်တော့ ထူးတဲ့အသံမှာလည်း ခပ်တိုးတိုး။ ဒီကောင်လေး တစ်ခုခုတော့ ဖြစ်နေပါပြီ။

ဒီအရွယ်ကလေးတစ်ယောက်မှိုင်နေတာပဲဖြစ်ဖြစ်၊ပျော်နေတာပဲ ဖြစ်ဖြစ် အဲဒါဟာ အချစ်ကိစ္စကြောင့်ဆိုတာ အဖြစ်နိုင်ဆုံးအဖြေ။ ဘယ်သူ့ကြောင့် အပူမိနေတာလဲမသိ။ ငယ်ငယ်ကတည်းက အဘွားအိမ်မှာပဲအနေများတဲ့ ဒီပကိုကျွန်တော်ကောင်းကောင်းသိပါတယ်။ ဘယ်လိုနေနေချစ်စရာကောင်းတဲ့ကလေး။ သူ့ကိုယ်သူ လိင်တူစုံမက်သူမှန်း ဝန်ခံတော့လည်း ကျွန်တော် ထူးထူးခြားခြားအံ့သြသွားတာမျိုးမရှိခဲ့။

ပြန်စဉ်းစားကြည့်လိုက်တော့ ဒီပနဲ့အတူ ဝဏ္ဏပုံရိပ်တွေ အတွေးထဲဝင်လာတယ်။ ဒီကလေး ဝဏ္ဏကိုများကြိုက်နေသလား။ကိုယ့်ကိုယ်ကို မေးခွန်းထုတ်တော့ဖြစ်နိုင်
ချေ များတယ်ဆိုတဲ့ အဖြေကိုရတယ်။တစ်ချိန်တည်းမှာပဲ ဟိုးငယ်ငယ်က အကြောင်းဆီ စိတ်ရွက်လွင့်သည်။

ဒီပ ငါးတန်းတက်တော့ ကျွန်တော်နဲ့ဝဏ္ဏက သံဖြူဇရပ်
အထက်တန်းကျောင်းမှာ ကိုးတန်းပေါ့။ အဲဒီတုန်းက
ကျောင်းပိတ်ရက်တွေဆို သူ့အမေတို့အိမ်ကို အပတ်တိုင်း ဒီပပြန်လာတတ်တာကို မှတ်မိနေတယ်။

အရင်ကဆို မိန်းကလေးတွေနဲ့ ကြိုးခုန်ရင်ခုန်နေတတ်တဲ့ ကလေးက အဲဒီတုန်းက ငြိမ်နေတာကိုကြည့်ပြီး သူ့အစ်မစုမွန်က အံ့သြလို့။ အတန်းကြီးသွားလို့ ချွေးတွေသံတွေထွက်တဲ့ လှုပ်လှုပ်ရှားရှား ကစားနည်းတွေ
မကြိုက်တော့လို့ဆိုပြီး ထင်ခဲ့ကြပေမဲ့ ပြန်စဉ်းစားကြည့်တော့ တစ်ခါတစ်ခါ ကျွန်တော်တို့အုပ်စု ထိုင်နေတဲ့နေရာကို မျက်လုံးလက်လက်လေးတွေနဲ့ လာကြည့်ပုံ
လေးတွေက ကျွန်တော်တို့ရှိနေလို့ရှက်နေတာ
ဖြစ်နိုင်မှန်း တွေးမိတယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Tahanan ng mga kuwento. Tumuklas ngayon