Part 2

1.1K 81 20
                                    

Zawgyi>>>

ငွေရောင်မီးဆိုင်းများက တဖျပ်ဖျပ်နှင့်လင်းလက်ကာနေသော Varodomအိမ်ကြီး၏ ကြီးကျယ်ထည်ဝါလွန်းသော ဧည့်ခန်းမကြီး၌ လက်ထပ်ပွဲကျင်းပနေသော သခင်ကြီး Varodomနှင့် ကျွန်တော့်မေမေတို့၏မင်္ဂလာပွဲ ။ အကျဉ်းရုံးသာပြုလုပ်သော ပွဲသည်ပင် မီဒီယာသမားများ အိမ်ရှေ့တွင် ဆူညံနေသည် ။ ကျယ်ဝန်းကာ ခမ်းနားလှသော ဤအိမ်ကြီးသည် ကျွန်တော့်အတွက်တော့ ပျင်းရိစရာကောင်းလွန်းသည် ။

အထူးသဖြင့် Mingkwan Varodomဆိုသော သူပေါ့ ။ ကျွန်တော့်အပေါ်ကို အမြင်ကြည်ပုံလဲမရ ။ စကားပြောပုံကလည်း ဘု့ကလန့်လူ့ဂွစာ ။ ယနေ့ပွဲကိုလည်း သူရောက်မလာပါ ။ သို့သော်လည်း ကျွန်တော်သူ့ကိုနားလည်နိုင်ပါသည် ။ သူ့ပုံစံက စိတ်ဒဏ်ရာများခဲ့ပုံပေါ်သည် ။

Yok's POV

ခြံဝင်းထဲတွင် ထိုင်ကာ ငြိမ်ကျနေသော Kitကို ကျွန်တော်တွေ့မြင်ရသည် ။ သူ့မျက်နှာကလေးက မှိုင်ထွေကာနေသည်မှ ပြုံးလိုက်တိုင်းပေါ်လာသော ပါးချိုင့်လေးပင်ပျောက်နေသည် ။ သိပ်ချစ်ရသော မိခင်က တခြားသူနှင့်လက်ထပ်လိုက်တာကြောင့် Kitရင်ထဲ အထီးကျန်သွားမည်ဆိုတာကို ကျွန်တော်သိသည် ။ နေရာစိမ်းကို ရုတ်တရတ်ပြောင်းလာရသည်မို့ အနေခက်မည်ကိုလည်း ကျွန်တော်နားလည်သည် ။

Yokတစ်ယောက် Kitဘေးကနေရာလွတ်တွင် ၀င်ထိုင်လိုက်သည် ။ Kitပခုံးလေးအားဖက်လိုက်ကာ သူ့အားကြည့်လာသော မျက်နှာကလေး၏ပါးပြင်ထက်တွင် မျက်ရည်စတို့ဖြင့် စိုစွတ်ကာနေသည် ။ ပါးပြင်မှမျက်ရည်စတို့အား ညင်သာစွာသုတ်ပေးလိုက်သည် ။

Yok : အဆင်ပြေရဲ့လား Kit

Kitခေါင်းငြိမ့်ပြလိုက်သည် ။

Yok : Kitနေရခက်နေရင် ကိုယ်နဲ့အဆောင်မှာလိုက်နေပါလား

Kit : ရပါတယ် Yok မေမေ့အနားမှာ ငါနေမှဖြစ်မှာပေါ့ နေရာအသစ်မှာ မိသားစုအသစ်မှာ မေမေ့ကို ငါကာကွယ်ပေးဖို့လိုအပ်တယ်လေ

Yok : အင်းပါ အခုတော့ ကိုယ်ပြန်တော့မယ်နော် သူများအိမ်မှာ ကိုယ်အကြာကြီးနေဖို့မသင့်တော်ဘူးလေ

Kit : ကျေးဇူးဘဲနော် Yok

Yok : ချစ်သူတွေဘဲကို ကျေးဇူးတင်ဖို့မလိုဘူးလေ

Be in Love.... Where stories live. Discover now