Part 7 (A)

839 76 18
                                    

Zawgyi>>>

ကားကလေးအတွင်း၌ မှောင်မိုက်ကာတိတ်ဆိတ်နေသည် ။ တစ်ဖက်တစ်ချက်ဆီ၌ရှိနေကြသော်လည်း ဝေးကွာနေသလို၊ လူနှစ်ဦးမျှရှိသော အလုံပိတ်ကားကလေးအတွင်း အရာရာအားလုံးမှာ ငြိမ်သက်ကာနေသည် ။ ခါတိုင်းအေးစိမ့်နေတတ်သောကားထဲမှ လေအေးစက်ကလည်း ယနေ့မှပူနေလေရော့လားမသိ ။

Mingလည်းအတွေးပေါင်းများစွာဖြင့် ကားကိုမောင်းနေလေသည် ။ သူ့နံဘေးက ကောင်ကလေးမှာလည်း ပြတင်းဘေးမှတရိပ်ရိပ် ဖြတ်သန်းသွားသော မြင်ကွင်းတို့အားငေးမောနေသည် ။
ငေးသာငေးနေရသည် ။ ပျံ့လွင့်နေသော အတွေးတစွန်းတစတို့ကြောင့် မျက်ဝန်း၌မျက်ရည်များက ရွှန်းလဲ့ကာနေသည် ။ ဝေ့တက်လာသော မျက်ရည်စတို့အားဖယ်ရှားရန် မျက်တောင်အား သုံးလေးကြိမ်ခန့် ပုတ်ခတ်ပစ်လိုက်သည် ။ ပါးပြင်၌စိုစွတ်လာသည်ကိုခံစားမိ၍ ရှိုက်သံမထွက်စေရန် နှုတ်ခမ်းအားဖိကိုက်ထားလိုက်မိသည် ။

>>>

ခြံရှေ့သို့ရောက်သည်မို့ Mingတစ်ယောက်ကားကိုရပ်လိုက်သည် ။ သူ့နံဘေးကကောင်ကလေးကတော့ ကားမှန်အားမှီကာ အိပ်ပျော်နေလေပြီ ။

နဖူးထက်၌ အနည်းငယ်ဝေ့သီနေသော ချွေးစက်ကလေးတို့အားသုတ်ပေးလိုက်မိသည် ။
ဖြီးသပ်ထားသောဆံပင်တို့နှင့် လူကြီးဆန်စွာ ချစ်စဖွယ်ကောင်းနေသော ထိုကောင်လေးသည် ဒီလိုလည်း ငိုတတ်လေသေးသည်လားဟု သူတွေးမိပါသည် ။ ကြိတ်ငိုထားတာပေါ်မှာစိုး၍ထင်သည် ။ ဖိကိုက်ထားသော နှုတ်ခမ်းဖူးဖူးကလေးမှာ သွေးစကလေးပင်ဆို့နေလေပြီ ။
"ကိုယ်က မင်းစိတ်ကိုဒီလောက်တောင်မှ နာကျင်စေတာလား မင်းကိုယ့်အပေါ်ဒီလောက်ထိကြောက်နေလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး ကိုယ်တောင်းပန်ပါတယ် Kit
ကိုယ်တဇွတ်ထိုးဆန်သွားတယ် " .... အိပ်ပျော်နေသော ကောင်ကလေးကတော့ သူ့တောင်းပန်စကားကို ကြားမည်ပင်မထင်ပါ ။

ဦးကြီးက ခြံတံခါးကိုဖွင့်ပေးပြီးနောက် ကားကလေးသည် ခြံဝင်းထဲသို့ရောက်လာခဲ့လေပြီ ။

ဦးကြီး : သခင်လေး Kitလေးကအိပ်ပျော်နေတာလား
ဦးကြီးခေါ်သွားပေးရလိုက်မယ်နော်

Be in Love.... Where stories live. Discover now