Part 20

290 26 16
                                    

Zawgyi>>>

Kitသိမ်းဆည်းစရာများကိုသေသပ်စွာသိမ်းဆည်းပြီးသောအခါ Yokလာခေါ်ပြီမို့တိုက်ခန်းဆီသို့သွား၏။

P'ကတော့ သူ့အခန်းဆီမှKitဆီသို့လှမ်းကြည့်နေလေ၏။
"တောင်းပန်ပါတယ်P"ဟု သူ့နှုတ်မှတိုးတိုးဆိုမိ၏။

ညကအရေးတကြီးဖုန်းဆက်ပြီး ယခုလည်းမျက်နှာကညှိုးနွမ်းနေ၏။ Kit သူ့အားမနက်လာခေါ်ပေးရန်တောင်းဆိုသည်မို့ Yokအပြေးရောက်လာခဲ့ခြင်း။ပြီးတော့Kitတစ်ယောက်တည်းဆိုလျှင်မားစိတ်ပူမည်စိုး၍ Kitအကူအညီတောင်းခြင်းကို Yokလက်ခံဖြစ်ခြင်းလည်းပါ၏။ ကျောင်းသားဘ၀တည်းက အရိပ်တကြည့်ကြည့်နှင့်ရှိခဲ့တာမို့ Kitအကြောင်းကိုYokသိသည်။

သူ့နံဘေးတွင် ငိုင်လျက်ပါလာသော ထိုကောင်လေးကိုကြည့်ပြီး Yokလည်းထပ်တူပူပန်ရပြန်၏။

Yok:ဘာလို့ပြောင်းတာလဲKit

Kit:ဆေးရုံနဲ့အိမ်နဲ့ကဝေးတယ်လေ ပြီးတော့တိုက်ခန်းကဆေးခန်းနဲ့ဆိုလည်း သိပ်မဝေးဘူးမဟုတ်လား အဲ့တာကြောင့်ပါ

Kitစကားကိုလက်ခံသလို Yokခေါင်းငြိမ့်လိုက်၏။

Yok:ဒါနဲ့ မနက်စာစားခဲ့ပြီလား

Kit:အင်း မင်းကော..စားပြီးပြီလား

Yokကခေါင်းခါပြသည်။
Kitအားနာမိသွား၏။

Kit:ငါတော့ မင်းကိုအလုပ်ရှုပ်မိပြီ ငါဆေးရုံကကန်တင်းမှာဘဲ ၀ယ်ကျွေးမယ်လေနော်

Yok:အင်း

Yokထိုအစီအစဉ်ကို သဘောကျသည်မို့ပြုံးမိ၏။
"မင်းတကယ်ဆိုးတာဘဲKit" သူ့စိတ်ထဲတွေးမိ၏။

>>>

ပရောဂျက်အတွက် မြေနေရာကိုမိမိကုမ္ပဏီမှအနိုင်ရသော်လည်း Mingလုံးဝမပျော်နိုင်။ သူ့စိတ်ထဲတွင် Kitကိုသာစိုးရိမ်နေမိ၏။ သူ့စကားကြောင့်များ Kitရုတ်ချည်းပြောင်းသွားရသည်လား။ ထိုကောင်လေးဘာ့ကြောင့်များ...

ရုံးခန်းအတွင်း ဟိုလျှောက်သည်လျှောက်နှင့်Ming အတွေးများနေပြန်၏။

ဒေါက်...ဒေါက်...ဒေါက်...

Ming:၀င်ခဲ့...

Yin:Hi Ming! Congratulations...

Be in Love.... Tempat cerita menjadi hidup. Temukan sekarang