Part 3 (B)

870 86 14
                                    

Zawgyi>>>

ကျောင်းဝင်းကြီးကို ခြေချလိုက်လျှင်ပင် မြင်ရသောမြင်ကွင်းတို့မှာ လူကိုလန်းဆန်းသွားစေသည် ။
မွန်းကျပ်မှုအပေါင်းတို့မှ ကင်းလွတ်သွားသလိုပင် ကျောင်းသားဘ၀၏ ရသကို ခံစားမိသည် ။

ဘေးဘီကိုကြည့်လိုက်လျှင် ၀ိုင်းဖွဲ့ပျော်ပါးနေကြသောသူငယ်ချင်းများ ကျီစယ်နေကြသော စုံတွဲများ အထီးကျန်စွာထိုင်နေသောသူများ ဆူဆူညံညံဆော့ကစားနေကြသူများသည်ပင် ကျောင်း၏ဆည်းလည်းသဖွယ်ပင် ။

ထိုလူများကို ကျွန်တော်မှင်သက်စွာ ငေးမောနေမိသည် ။

ရုတ်တရက် ကျွန်တော့်နောက်မှ မျက်လုံးကို လာအုပ်လိုက်သော လက်နှစ်ဖက်ကြောင့် လန့်သွားမိသည် ။

Yok : ဘယ်သူလဲ!! မှန်မှန်ဖြေ

သူ ကျွန်တော့်နားရွက်နားကပ်ကာ တိုးတိုးလေးမေးနေသည် ။
Kit : Ai!! Yok

Yok : ကိုယ် မင်းကို စိတ်ဆိုးသင့်တယ်နော် Kit

Kit : ဟုတ်ပါတယ်ကွာ!! ငါတောင်းပန်ပါတယ်နော် မနေ့က မင်းဖုန်းခေါ်ထားတာ ပြန်ခေါ်မလို့ဘဲ ရုတ်တရက် မီးချောင်းပျက်သွားလို့ လန့်ပြီးမေ့သွားတာ

Yok : ဒါဆို Kit ညကအိပ်ပျော်ရဲ့လား
အမှောင်ထဲမှာ တစ်ယောက်တည်းအဆင်ပြေရဲ့လား ကိုယ့်ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ကိုယ်လာခဲ့မှာပေါ့

Kit : အရမ်းစိတ်ပူတတ်တာဘဲ Yok ငါဘာမှမဖြစ်ပါဘူးကွ ခဏတော့ လန့်သွားတာပေါ့ ဒါပေမဲ့ဧည့်ခန်းထဲသွားနေပြီး အိပ်လိုက်တယ်

နဖူးထက်ဝဲကျနေသော Kitဆံစကလေးများအား နူးညံ့စွာသပ်တင်ပေးကာ....

"အဲ့အိမ်ကို စပြောင်းထဲက ကိုယ်မင်းကိုစိတ်ပူမိနေတာ
မင်းအဆင်မပြေမှာ နေသားမကျဖြစ်မှာ စိုးရိမ်လို့ ဘယ်လိုနေရမှန်းတကယ်မသိဘူး "

မျက်နှာကလေး ညိုးငယ်သွားသော Yokကိုကြည့်ကာ Kitစိတ်မကောင်းဖြစ်ရပြန်သည် ။ Yokလောက် Kitအပေါ် အနွံတာခံနိုင်သူ အကောင်းမြင်ပေးနိုင်သူ အခုထိမရှိဖူးသေးဘူးမဟုတ်လား ။ တစ်ခါတစ်လေကျတော့လည်း
Yok အနားကပျောက်ကွယ်သွားမည်ကို Kitကြောက်မိသည် ။

Be in Love.... Where stories live. Discover now