Part 10

373 26 6
                                    

Zawgyi>>>

ပြန်ရောက်တည်းက Kitအခန်းအောင်းနေမိသည်။ ရှောင်ပုန်းနေသည်တော့လည်းမဟုတ်။ ဒီအတိုင်းလေး ငြိမ်နေမိရုံပင်။

အမြဲတမ်းအလုပ်များနေပေလို့လားတော့မသိ။ ယနေ့လိုနားရက်တွင် မယ်မယ်ရရလုပ်စရာရယ်လို့ မတွေးမိတာမို့ အနည်းငယ်တော့ ပျင်းမိသား။

စာကြည့်ခန်းဆီသို့သာ Kitလာခဲ့လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် စာအုပ်ရနံ့တို့က သူ့နှာဖျားဝတွင် မွှေးကြူကြူရှိလှသည်။ ခပ်မြင့်မြင့်စာအုပ်စင်ကြီးတွင် သခင်ကြီး၏စာအုပ်များထားရှိသည်။ မျက်နှာချင်းဆိုင်ရှိ ဗီရိုအသေးလေးများတွင်တော့ ရသစာအုပ်တစ်ချို့ရှိသည်။
ပြတင်းတံခါးသည် အိမ်ကြီး၏အနောက်ဘက်သို့ မျက်နှာမူထားလေသည်။ ထိုပြတင်းတံခါးသို့မျက်နှာမူလျက် စားပွဲခုံနှင့်ထိုင်ခုံနှစ်လုံးထားရှိထားသည်။

ဗီရိုငယ်ဆီမှ စာအုပ်တစ်အုပ်ယူကာ Kitဖတ်နေမိသည်။
စာအုပ်တစ်ဝက်ကျိုးလောက်တော့ မျက်လုံးအားအနည်းငယ် အနားပေးရန် စားပွဲထက်သို့ခေါင်းစိုက်ကာ ခေတ္တမှေးလိုက်သည်။ ပြတင်းဆီမှလာသော လေအေးအေးက သူ့ထံသို့တိုက်ရိုက်ရောက်သည်။ အနောက်ဘက်ခြံဝင်းကို ဖြတ်လာသောလေထုက လန်းဆတ်၍နေသည်။ 

မျက်လုံးမှိတ်ထားသော်ငြား သူ့အတွေးတို့သည် P'ဆီသို့ ပြေးလွှားနေလေသည်။ မနက်က P'မှသူ့အား ထွေးဖက်လိုက်သော ပုံရိပ်က ရေးခနဲ။
"မတွေးရဘူးKit" Kitသူ့ခေါင်းကို သူပုတ်လျက် အတွေးစများကို ကြိုးစား၍ရှင်းထုတ်ပစ်သည်။ သို့သော်လည်း အလုပ်မဖြစ်။ P'၏ ကိုယ်သင်းရနံ့ကိုပါ သူပြန်လည်ကာရနေမိသည်။ ထိုရနံ့က သူ့စိတ်တွင်သာမဟုတ် သူနှာဖျား၌ပါ တစစနှင့်နီးကပ်လာလေသည်။

စားပွဲနှင့်ခေါင်းကို ခပ်ဖွဖွစောင့်ရင်း ပါးစပ်မှခပ်တိုးတိုး ညည်းငြူနေသည်။"မေ့ပစ်စမ်းKit..မေ့ပစ်" တတွတ်တွတ်ရေရွတ်နေမိသည်။

ဒီတစ်ခါသူ့ခေါင်းနှင့်ထိမိသည်က စားပွဲမဟုတ်တော့။ နူးညံ့နေသော လက်ဖမိုးတစ်ခု...
မော့ကြည့်မိတော့...

Kit:P'..

နှုတ်ခမ်းလှုပ်ရုံမျှ ခေါ်လိုက်မိသည်။

Be in Love.... Where stories live. Discover now