Part 23

265 19 6
                                    

Zawgyi>>>

အိမ်ပြင်ဘက်တွင်မှောင်ရိပ်ကျနေပြီဖြစ်သည်။ Kitတစ်ယောက်စာတမ်းအတွက်လိုအပ်သည့်အချက်အလက်များကိုရှာရင်းဖွေရင်း အလုပ်များနေလေ၏။ စာအုပ်ပုံကြားတွင်အချိန်အတော်ကြာထိုင်ကာ လပ်တော့(ပ်)နှင့်မျက်နှာအပ်နေရတာမို့ တကိုယ်လုံးလည်းညောင်းချိနေလေပြီ။ လက်ချောင်းအဆစ်များအား အချင်းချင်းဖိကပ်လိုက်တော့ တကြွပ်ကြွပ်နှင့်ပင်။ ခေါင်းအားဘယ်ညာလှည့်ကာ တင်းနေသောအကြောများအားဖြေလျော့လိုက်သည်။ ညနေစာလည်းမစားရသေးတာမို့ အစာအိမ်မှလည်းသူ့အာဟာရကိုတောင့်တလှပြီဖြစ်သည်။

နာရီကိုကြည့်တော့ ၁၀နာရီရှိပြီ။Kitစာထဲတွင်အတော်လေး ဈာန်ဝင်သွားခဲ့ခြင်းပင်။ မှတ်မှတ်ရရ...
သူ့အနောက်ဆိုဖာသို့လှည့်ကြည့်လိုက်တော့ ဆိုဖာထက်အကျအနထိုင်နေသောP'သည် တီဗွီမှလွှင့်နေသောအစီအစဉ်ပေါ်တွင် အတော်လေးအာရုံဝင်စားနေပုံရ၏။ Kitလည်းသူ့အာရုံနှင့်သူမို့ P'မပြန်သေးသည်ကိုမေ့သွားခဲ့၏။P'ကလည်း သူ့အားဖုတ်လေတဲ့ငပိရှိသည်ပင်ထင်ပုံမရ။ သူ့ကိုကျော်ကာ တီဗွီဖန်သားထက်တွင်သာဈာန်ဝင်စားနေ၏။ သက်သောင့်သက်သာနေနေပုံက သူ့အိမ်သူပြန်ရောက်နေသလိုပင်။ကျောမှီကာလျောထိုင်ထားသည်မို့ စနစ်တကျဖီးသပ်ထားသောP'၏ဆံပင်များသည်ပင် ပွယောင်းယောင်းလေးဖြစ်နေပေသည်။မှန်းရခက်သောP'သည် ယခုလိုမျိုးကျတော့လည်းတမျိုးချစ်စရာကောင်းနေပြန်၏။

Kit:မပြန်သေးဘူးလားP' ၁၀နာရီတောင်ကျော်နေပြီ

Ming:အင်း...ဒါလေးပြီးအောင်ကြည့်ဦးမယ်

ယခုလည်း screenပေါ်မှမျက်လုံးကတစ်ချက်မခွာဘဲ ဆိုနေခြင်းပင်။ P'၏နဂိုပုံကယခုလိုမထင်ရသော်လည်း ဒရမ်မာကိုတော်တော်လေးစွဲလမ်းတတ်သည့်သဘောရှိသည်။

Kit:ဒါဆိုလည်းဆက်ကြည့်နေဦး ကျွန်တော်စားစရာတစ်ခုခုသွားဝယ်ဦးမယ်

Kitကထသွားတော့မှငေါက်ခနဲထကာ Kitနောက်လိုက်လာ၏။

Ming:...နေဦးလေ..

အလျင်လိုက်သော်လည်းမမှီလိုက်၊ ဓာတ်လှေကားမှာဆင်းသွားပြီဖြစ်သည်။

Be in Love.... Where stories live. Discover now