Part 8

725 56 24
                                    

Zawgyi>>>

နေမြင့်သည်အထိ Forthနှင့်Mingတို့ ဆိုင်ထဲ၌စကားကောင်းနေကြဆဲပင် ။

Phone Vibrate📲📲📲

John:သခင်လေး ချင်းမိုင်ကဆောက်လုပ်ရေးတစ်ခု ပြဿနာဖြစ်နေလို့ သခင်လေးရှိမှဖြစ်မယ်

Ming: P' ဘာတွေဖြစ်ကုန်တာလဲ

John:ဆိုင်ပိုင်ရှင်တွေက မကျေမနပ်ဖြစ်နေကြလို့ ဆောက်လုပ်ရေးပိုင်းကနှောင့်နှေးနေတာ သူတို့ကစင်တာကိုမဖျက်ဘဲ တ၀က်ကနေဘဲဆောက်စေချင်ကြတယ် ဒီ့ထက်အရေးကြီးတာက P'တို့ဘက်ကအလုပ်သမား၅ယောက်လောက် ဒဏ်ရာရသွားတယ်

Ming:ဘာလို့အခုမှပြောတာလဲP'
ဒါဆိုP'ကျွန်တော်အခုဘဲချင်းမိုင်ကိုလိုက်လာခဲ့မယ်

အားချင်းပင် Mingအိမ်သို့ပြန်ကာ လိုအပ်သည်များကို ယူပြီးချင်းမိုင်သို့လိုက်သွားရသည် ။

>>>

ဝိုင်ယာရှော့ကြောင့် စင်တာ၏တစ်ဝက်လောက် ပျက်စီးသွားရသည်မို့ ပြုပြင်တည်ဆောက်ရန် အချိန်အတိုင်းအတာ တစ်ခုတော့ပေးရသည် ။ စင်တာအား အသစ်ပြန်တည်ရသည်မို့ အနည်းငယ်တော့ ကြန့်ကြာသည်မဟုတ်ပါလား ။ ဒီကြားထဲ ဆိုင်ခန်းပိုင်ရှင်တို့၏ ပဋိပက္ခတွေကတစ်ကြောင်း အလုပ်သမားပိုင်းဆိုင်ရာထိခိုက်မှုတို့ ပေါ်လာသည်ကတစ်ကြောင်းမို့ အခြေအနေတို့မှာ ပို၍ရှုပ်ထွေးနေလေပြီ ။ ပြဿနာဆိုသည်ကမကြီးလာခင် အရှင်းဖြေရှင်းနိုင်လျှင် အကောင်းဆုံးမဟုတ်လား ။ အကယ်၍ဒီဘက်ဆောက်လုပ်ရေး၏ ပြဿနသာ သည့်ထက်ဆိုးလာလျှင် ဘန်ကောက်ရှိလုပ်ငန်း၏ ဆောက်လုပ်ရေးပိုင်းကိုပါ ထိခိုက်လာနိုင်သည် ။

သူ့၏မှားယွင်းမှုကြောင့် မဟုတ်သော်ငြားလည်း သခင်လေးအားထိခိုက်မည့်အရေးဆို မည်သည်ကိုမျှJohnမလိုလား။ လုပ်ငန်းပိုင်းဆိုသည်မှာ စိတ်ပင်ပန်းရသည် စိတ်ဖိစီးရသည်ဆိုပေမဲ့ အတတ်နိုင်ဆုံးတော့ သူသာဖြေရှင်းပေးလိုသည်။

အထူးသဖြင့် ယခုလိုအချိန်မျိုး၌သခင်လေးအတွက် နှစ်သိမ့်ပေးနိုင်သူက သူသာလျှင်ဖြစ်ချင်မိသည်။ သို့သော်သူ့၌သခင်လေး၏ စိတ်အလျှင်အား သူမပိုင်ထားပါ။ သခင်လေး၏နှလုံးသား၌နေရာပေးမှုကို သူမရရှိပါ။ သခင်လေး၏အနား၌ အမြဲရှိမနေခဲ့ပေမဲ့ သခင်လေး၏စိတ်ဝင်စားမှုက မည်သူ့ထံ၌ရှိနေသည်မှန်း သူသိနေပါသည်။ ဦးကြီးနှင့်ဖုန်းပြောတိုင်း သခင်လေးအကြောင်းကိုသာ အရေးတယူမေးနေမိခြင်းမဟုတ်ပါလား ။

Be in Love.... Where stories live. Discover now