Zawgyi>>>
"မနေ့ကကိစ္စကို တောင်းပန်ပါတယ်ဒေါက်တာရယ်"
လူနာရှင်အမျိုးသမီးသည် အဖွဲ့၂ဆရာဝန်များနားနေခန်းရှေ့တွင် ညိုးငယ်စွာစောင့်နေလေ၏။ Kitလာသည်ကိုတွေ့သည်နှင့် အပြေးလာကာတောင်းပန်စကားဆို၏။ သူမ၏မျက်လုံးများမှာ နွမ်းလျနေ၏။ခပ်ပိန်ပိန်သေးသေးနှင့်သူမသည် အရွယ်နှင့်မလိုက်အောင်ရုန်းကန်နေရသူဖြစ်ပေလိမ့်မည်။ ယခုလည်းသူမအစ်ကိုကြောင့်စိတ်ပင်ပန်းနေပုံရ၏။
Kit:ထိုင်ပါဦး
အရင်ဆုံးကော်ရစ်တာရှိ ခုံတန်းရှည်လေးတွင် သူမအားထိုင်စေလိုက်၏။
Kit:ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး ပြီးတော့ဒါကအစ်မမှားတာမှမဟုတ်ဘဲ
"ဒါပေမဲ့...ကျွန်မကတိပေးပါတယ် ကျွန်မအစ်ကိုကိုနောက်ထပ်ဒီဆေးရုံးနားကိုလည်းမလာစေရပါဘူး ဒေါက်တာတို့ကိုလည်းမနှောက်ယှက်စေရပါဘူး ကျွန်မကတိပေးပါတယ်"
ထိုအမျိုးသမီးသည် ညကဖြစ်သည့်ကိစ္စကိုသိပုံမပေါ်။
သူမအစ်ကိုသည်လည်းတော်တော်လေးဆိုး၏။ သူမအားဝန်မပိစေလိုတာမို့ ထိုအကြောင်းကို Kitမသိကျေးကျွန်သာပြုထားလိုက်သည်။Kit:ဟုတ်ပါပြီဗျာ နောက်ကိုသာဒီလိုမဖြစ်ပါစေနဲ့
ဒါနဲ့ကလေးနဲ့အမျိုးသားကရော သက်သာနေပြီလား""ဟုတ်ကဲ့ဒေါက်တာ ကလေးကအခုတော့အားဆေးသွင်းပြီး အိပ်ပျော်နေပါတယ်"
Kit:ကလေးအနားမှာဘဲ သွားနေလိုက်ပါ မနေ့ကကိစ္စကိုစိတ်ထဲမထားနဲ့တော့ ကျွန်တော်ခဏနေကလေးဆီကို လာခဲ့မယ်နော်
Kitက ထုံးစံအတိုင်းသူ့အပြုံးချိုချိုကလေးနှင့် ဆိုလိုက်၏။
ဒေါက်တာKit၏ အေးကြည်သောမျက်နှာ၊ချိုမြသောအပြုံးတို့က သူမစိတ်ထဲမှပူပန်မှုတို့အား အလုံးစုံမဟုတ်သော်လည်း စိတ်နှလုံးအားအေးချမ်းသွားစေ၏။"ကျေးဇူးတင်ပါတယ် ဒေါက်တာ"
သူမKitအားပြန်ပြုံးပြလိုက်ပြီး အရိုအသေပေးနေလေ၏။
ကော်ရစ်တာတွင်မို့ ဘေးမှဖြတ်သွားသောတချို့ကလည်း စူးစမ်းသွားကြ၏။ ထိုသို့အရိုအသေပေးခြင်းကို မနေတတ်တာမို့Kitထိုင်ရာမှအလျင်အမြန်ထကာ သူမအားတားလိုက်ရ၏။