Part 13

322 35 18
                                    

Zawgyi>>>

Kitဆေးရုံမှနေ့တစ်ဝက်နေပြီး အစောပြန်လာခဲ့ခြင်းဖြစ်သည်။
မနက်ပိုင်းဆရာဝန်ကြီးနှင့်အတူ operationတစ်ခုရှိခဲ့သည်။ မနေ့ညကလည်း တစ်ညလုံးဂျူတီကျသည်မို့ လူကမအနားမရ။ နေသိပ်မကောင်းသည်မို့လည်းပါသည်။
ခေါင်းထဲမူးနောက်နောက်ရှိသည်မို့ အခန်းသို့ရောက်သည်နှင့် လူတစ်ကိုယ်လုံးအား အိပ်ယာထက်သို့ပစ်လှဲလိုက်သည်။
ခြေဆန့်လက်ဆန့်ကာ တကိုယ်လုံးရှိတင်းနေသော အကြောများအားလုံးဆန့်ထုတ်ပြီး အညောင်းဖြေပစ်လိုက်သည်။

ဒေါက်...ဒေါက်..ဒေါက်...

"မားဝင်လာမယ်နော် Kit"

မားနှင့်လည်း အေးအေးဆေးဆေး စကားမပြောဖြစ်တာကြာလေပြီ။ ဒီရက်ပိုင်းထဲ Kitအလုပ်များသည်မို့ ဆေးရုံထက်၌သာတစ်နေကုန်လေ၏။

Kit :ဟုတ်ကဲ့ မား

တံခါးဖွင့်ကာ မားဝင်လာသည်။ မားသည် အမြဲတမ်းလှပတင့်တယ်နေဆဲပင်။ မား၏ကိုယ်ရနံ့သင်းသင်းသည် မွှေးအိကာနေဆဲ။

"နေမကောင်းဘူးလား သားလေး အလုပ်တွေများပြီးမျက်နှာတွေချောင်ကျသွားလိုက်တာ"

Kit:ခေါင်းထဲနည်းနည်းနောက်နေလို့ပါမားရဲ့

"ဒီပိတ်ရက် ဆရာတော့်ဆီကိုသွားကြမလားလို့ မရောက်ဖြစ်တာလည်းကြာပြီ သားရဲ့ပါးဆီကိုရောပေါ့ သားအားရဲ့လား"

Kit:သားကနားရက်ရပါတယ် မားရဲ့
မားကော သခင်ကြီးကိုပြောပြီးပြီလား

"သခင်ကြီးက ဘာမှမပြောပါဘူးသားရဲ့"

Kit:အင်းလေ ဟုတ်ပါတယ်
သားကိုချော့သိပ်ပါလားမား သားနေမကောင်းဘူး

နှုတ်ခမ်းကလေးဆူကာ မိခင်ဖြစ်သူအားကပ်ချွဲနေမိသည်။

"ဒီကောင်လေးကတော့လေ"

Kitနဖူးအား ဖွဖွကလေးတစ်ချက်ထုကာ စကားဆိုသည်။

Kit:ဒီလိုကျတော့ P'ကသနားပါတယ်

"ဘာလို့လဲ သား"

Kit:ဟိုတပတ်က P'နေမကောင်းဘူးလေ ကိုယ်တွေပူပြီးအပြင်းဖျားတာ သားဒီကိုရောက်တည်းက P'အဲ့လိုဖျားတာနှစ်ခါရှိပြီ သခင်ကြီးက P'ကိုတစ်ခေါက်လေးတောင်လာမကြည့်ဘူး အဲ့လိုကြတော့သခင်ကြီးက သွေးအေးလွန်းတယ်မား

Be in Love.... Donde viven las historias. Descúbrelo ahora