Part 7 (B)

534 59 28
                                    

Zawgyi>>>

ယနေ့မနက်စာစားချိန်၌လည်း စားပွဲဝိုင်းတွင်လူစုံနေသည် ။ သခင်ကြီးနှင့်သခင်မတို့ကတော့ သဘောကျဟန်ဖြင့်ပြုံးနေသည် ။ သားဖြစ်သူနှစ်ယောက်ကတော့ အနေဆိတ်ကာအေးစက်နေဆဲ ။ မနက်စာစားပြီးသည်နှင့်သခင်ကြီးနှင့်သခင်မလည်း အခန်းဆီသို့ပြန်သွားလေသည် ။

အခုတော့ စားပွဲဆီမှာကျန်ခဲ့သူက သူတို့နှစ်ဦးသာ...

Kitလည်းစားပြီးပြီမို့ ဘေးကP'အားလှမ်းကြည့်လိုက်သည်။ သို့သော် P'ကတော့ထိုင်ခုံအားမှီကာ ဖုန်းကိုကြည့်၍ သောက်လက်စကော်ဖီကိုသာဆက်သောက်နေသည် ။ Kitကတော့ အခုချိန်သူစားပွဲကထသွားရမလား ဒါမှမဟုတ်ဆက်ပြီးထိုင်နေသင့်လားဆိုပြီး အတွေးများနေသည် ။ နာရီကိုလှမ်းကြည့်လိုက်တော့ ၆း၅၅ဖြစ်နေပြီ ။ သူအိမ်ကအခုချိန်ထွက်ရန်သင့်ပြီ ။ သို့သော် P'ကတော့ သူ့ကိုပင်သတိထားမိသည့်ပုံမပေါ် အေးဆေးစွာပင်...

Kitလှုပ်လှုပ်ရှားရှားဖြစ်နေသည် ။ ထိုကောင်လေးဘာဖြစ်နေတာလဲ သူတကယ်မတွေးတတ် ။ မနက်စာစားပြီးတာတောင်ထမသွားဘဲ သူ့အားကြည့်လိုက် နာရီကိုကြည့်လိုက်နှင့် တစ်ယောက်တည်းဗျာများနေသော ထိုကောင်လေးကို သူလှည့်ကြည့်စရာမလိုဘဲနှင့်ပင်မြင်နေရသည်။ သူ့နှုတ်ခမ်းပါးက အနည်းငယ်ကွေးညွတ်သွားသည် ။ ၀န်ခံပါသည်။ ထိုကောင်လေးကြောင့် သူပြုံးမိပြန်ပါပြီ ။

"Kit..."

P'ကရုတ်တရက်လှမ်းခေါ်လိုက်သည်မို့ သူ၏ကိုယ်ကလေးကဆက်ခနဲတုန်တက်သွားသည်။
ဒါကိုMingမြင်လိုက်သည် ။ ဒီကောင်လေးကတော့ သူ့ကိုအသားလွတ်ကို ရှိန်နေတော့တာပါလားဟုတွေးကာ ခေါင်းခါ၍နောက်တကြိမ်ပြုံးမိပြန်သည်။

ဒီတစ်ခါတော့ သူအတော်လေးပြုံးလိုက်မိသည်မို့ သူ့အပြုံးကိုအရှိန်သတ်လိုက်ကာ....

Ming : အဟမ်း...ဆေးရုံကိုသွားဖို့မပြင်သေးဘူးလား

Kit : ဗျာ! ဪ..ဟုတ်...

ဟောတော့... Mingဒီတစ်ခါတကယ်ရယ်မိပြီ! ဒီကောင်လေးအခုထိ စားပွဲကနေမခွာသေးပြန်။
ဘာတွေများအတွေးများနေမှန်း သူမစဉ်းစားတတ်။

Be in Love.... Where stories live. Discover now