Zawgyi>>>
ယောလ်လေး ကျောင်းသို့ကုတ်ကုတ်လေး လျှောက်လာမိတယ်...
မျက်မှန်ဝိုင်းဝိုင်းလေးကိုတပ်ကာ ဟိုကြည့်သည်ကြည့်နဲ့ ငေးကာလျှောက်လာသည့် သူ့အဖို့တော့ လောကကြီးကတကယ့်ကိုအဆန်းအပြားလိုပင်...
ယောလ်လေးကအပြင်သိပ်မထွက်တော့ အရာအားလုံးက အမြဲဆန်းပြားနေသလိုပါပဲ...
ယောလ်လေးလမ်းလျှောက်လာတာကို ကြည့်ရင်းနဲ့လဲ တစ်ချို့သူတွေက တီးတိုးပြောနေကြပြန်တာကြောင့် မျက်နှာလေးမဲ့သွားကာ ခေါင်းလေးငုံ့သွားရှာတယ်
တစ်ခါတစ်လေ ယောလ်လေးအပြင်ထွက်ရမှာ စိတ်ညစ်ပါသည်...
ယောလ်လေးကို လူတွေကအထူးဆန်းလိုကြည့်ကြတာ တကယ်မကြိုက်ဘူး...
Fashion ဆိုင်တစ်ဆိုင်မှာတွေ့ရတဲ့ မိမိပုံရိပ်ကိုပြန်ကြည့်မိကာ ယောလ်လေးသက်ပြင်းချမိတယ်
လုံးလုံးသေးသေး ခန္တာကိုယ်လေး...
ပြီးတော့ ဖြူစွတ်လွန်းနေတဲ့အသားရည်...ဘာဘီ အရုပ်မလေးတွေလို ဖြစ်နေတဲ့ ဒီမျက်နှာကြောင့် သူ့ကိုလူတွေကအရုပ်လေးလို့ တင်စားကြတယ်လေ...
"အရုပ်ကဆိုင်အပြင်ရောက်နေပါလား"
"အ့"
ရုတ်တရပ်မိမိ ပါးဖောင်းဖောင်းလေးကို ဖိညှစ်ခံလိုက်ရတာကြောင့် ဆစ်ခနဲနာကျင်မှုနဲ့အတူ မျက်နှာလေးမဲ့သွားတဲ့ယောလ်လေး...
သူမော့ကြည့်လိုက်တော့ လူကြီးတစ်ယောက်ကသူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေသည်...
"ဟွင့် ယောလ်လေးအရုပ်မဟုတ်ဘူး"
မိမိရဲ့ နီရဲသွားသော ပါးပြင်လေးတစ်ဖက်ကို လက်ဖောင်းဖောင်းလေးတွေနဲ့ ဖိကိုင်ကာ ဘောက်ဆက်ဆက်ပြောပြီး ထွက်သွားတဲ့ယောလ်လေး...
ကျန်ခဲ့တဲ့လူကြီးကတော့ တောင့်တောင့်ကြီးပင်...
"ဂျပန်နိုင်ငံက လူသားစက်ရုပ်တွေဒီကိုရောက်တာမကြားမိပါလား?"
******************************
"ဘယ်လိုဖြစ်ပြန်တာလဲ Baekhyun?"
YOU ARE READING
❤Barbie boy❤
Fanfictionမရဖူး!ကိုကိုကယောလ်လေးအပိုင်!ခိခိ... အသုံးတော်ခံ season 2 (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee