Zawgyi>>>
"ငါမသွားပါနဲ့လိုမပြောဘူးလား! အခုတော့ဒီလိုဖြစ်ပြီပေါ့!"
Suho အော်သံကြောင့် ယောလ်လေးကိုယ်လေးတုန်သွားကာ Baekhyun ကလေးလေးကို ရင်ခွင်ထဲထည့်ထားမိတယ်...
ယောလ်လေးရှေ့ မားမားရပ်တည်ရင်း အရာအားလုံးကို ကာကွယ်ပေးတော့မည့်ဟန် ယောက်ဖလောင်းကို Suho ကတော့ မကျေနပ်နိုင်ပေ...
ဘယ့်နှယ်...အခုမှအသက်ပြည့်တယ် အခုပဲယောကျာ်းရတော့မဲ့ ညီတော်မောင်...
ငါကတော့ ကလေးလေးဆိုပြီး အလိုလိုက်ရတာ သူကတော့... ဟင်းဟင်းး ဒေါသတွေအလိပ်လိုက်နော်...
"အရုပ်ကလေးကိုမဆူပါနဲ့ hyung ရယ်...ပြောချင်ရင်ကျွန်တော့်ကိုပဲပြောပါ"
"ပြောမှာ!မင်းရူးနေလား ယောလ်လေးကိုဒီလောကထဲ ဒီတိုင်းဆွဲသွင်းသွားမလို့လား!မင်းမစဉ်းစားတော့ဘူးလား!ဟမ်"
ဘေးက Lay ခမျာလဲ သူရဲ့ဒေါသအိုး crush ကိုဝင်မပြောရဲရှာ အခြေအနေတွေကို ကုတ်ကုတ်လေးထိုင်ကြည့်နေရတယ်...
ယောလ်လေးထွက်သွားတုန်းက တစ်ယောက်ထဲပါ...
အခုတော့ သူ့ idol ကြီးပါ ပါလာတဲ့အပြင် အိမ်အပြင်မှာလဲ သတင်းထောက်တွေခြေလိမ်လို့...
အခုလဲ Suho ကိုတရားဝင် တွဲခွင့်ပေးဖို့ လာတောင်းဆိုနေတာ...
Suho ကတော့ ဒါကိုလက်မခံချင်ပေ...
ယောလ်လေးကို အဲ့အရှုပ်တွေထဲပါပြီး ထပ်စိတ်ညစ်ရမှာစိုးရိမ်လို့ပါ..."Waaaa hyung ကဆူတယ်!ယောလ်လေးကိုဆူတယ် waa"
"အင်း အင်း အလကား အလကား နော်.. အရုပ်ကလေးကိုမဆူပါဘူးကွာ...ကိုကိုရှိတယ်နော် တိတ်တိတ်"
ကလေးချော့မြူသလို ကျောပြင်လေးကိုပုတ်ရင်း တလှုပ်လှုပ်ချော့နေသော Baekhyun ကြောင့် Suho သက်ပြင်းချရပါသည်
သူ့အနေနဲ့လဲ ဘာကိုဆုံးဖြတ်ရမှန်းပင်မသိ...
ယောလ်လေးကို သူ့လက်ထဲသေချာအပ်သွားတဲ့ အစ်မဖြစ်သူဆုံးတာမှတစ်နှစ်မပြည့်သေး အခု သူ့မောင်ရည်းစားရပြီဆိုတော့ကာ တမလွန်ကိုပင် ဘယ်လိုမျက်နှာပြရမလဲမသိ...
BINABASA MO ANG
❤Barbie boy❤
Fanfictionမရဖူး!ကိုကိုကယောလ်လေးအပိုင်!ခိခိ... အသုံးတော်ခံ season 2 (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee