7

11.9K 1K 130
                                    

Zawgyi>>>

Xiumin နဲ့ Chen ၏အခန်းထဲတွင်ရှိသော အရုပ်မှန်သမျှအား ယောလ်လေးကိုပေးဆော့ထားသော Baekhyun...

သူကတော့ piano ရှေ့ကခုံတွင်ထိုင်ကာ
ကုတင်ပေါ်မှာအရုပ်တွေနဲ့ဆော့နေသော ယောလ်လေးကို မေးထောက်၍ကြည့်နေမိသည်

အရုပ်ပိစိလေးတွေကအစ အရုပ်ကြီးကြီးအကုန် ကုတင်ပေါ်တင်ပေးထားတာကြောင့် ယောလ်လေးကိုယ်လေးဟာ မွေ့ယာပေါ်မှာတင် အရုပ်တွေကြားမြုပ်လို့နေတယ်

မျက်လုံးလေးတွေမှိတ်တဲ့ထိ တခ်ခ်ရယ်ရင်း အရုပ်ကလေးတွေကို သဘောကျနေပြန်တဲ့ကလေးလေး...

ငွေမှင်ရောင်ဆံနွယ်လေးတွေ ဝေ့ဝဲသွားတိုင်း Baekhyun ရင်ထဲလှိုက်ဖိုရပါသည်

မိမိအရှေ့မှ လက်ရာမြောက်လွန်းသော ပန်းချီကားလေးကို အချိန်အတန်ကြာစိုက်ကြည့်ရင်း ပြုံးနေမိတယ်

"အွင့် Arjushi..."

ဟော ငိုမဲ့မဲ့ဖြစ်လာပြီ ရုပ်ကလေးက...
ဘာတွေအလိုမကျသွားသည်တော့မသိ မျက်နှာလေးကိုမဲ့ကာ အရုပ်ကလေးတစ်ရုပ်ကိုလဲ ရင်ခွင်ထဲပိုက်ထားသေးသည်

"ဘာဖြစ်လို့လဲ အရုပ်ကလေး"

"အာဂျူးရှီးကယောလ်လေး အမှားလုပ်မိရင် ဆူမှာလားဟင်?"

Baekhyun ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်ကာ မျက်နှာငယ်လေးနဲ့ပြောလာသည်

အရုပ်ကလေးဘာတွေလုပ်ထားလဲမသိပေမဲ့ Baekhyun စိတ်ထဲ နဲနဲမှအပြစ်မယူမိတာတော့အမှန်...

"ပြောပါဦး အရုပ်ကလေးကဘာတွေလုပ်လိုက်လို့လဲ?"

"ယောလ်လေးလေ...ယောလ်လေးဆော့လိုက်တာ ဒီအရုပ်လေးနာသွားပြီ"

နှာခေါင်းလေးချိုင့်ဝင်သွားသော pooh  အရုပ်ကလေးကိုကြည့်ကာ
ယောလ်လေးငိုမဲ့မဲ့ဖြစ်နေသည်

Baekhyun ကောင်လေးကိုကြည့်ကာ အသာရယ်မိတယ်...တကယ့်ကလေးလေးပါပဲ...

ယောလ်လေးကတော့ဒါကိုမသိချေ နှုတ်ခမ်းပိစိလေးကို ပွင့်လိုက်ဟလိုက်လုပ်ကာ ခေါင်းလေးကိုငုံ့ထားပြန်တယ်

Noona ကပြောထားတယ် သူများအရုပ်တွေကိုမဖျက်ဆီးရဘူးတဲ့ :(

ယောလ်လေးက တမင်သက်သက်လုပ်တာမဟုတ်ပါပူး

❤Barbie boy❤Tempat cerita menjadi hidup. Temukan sekarang