26

9.4K 878 83
                                    

Zawgyi>>>

"ယောလ်လေး...မင်းတကယ်ယောလ်လေးမလားဟင်?"

သူ့ပါးပြင်လေးကို ယုယစွာကိုင်တွယ်ရင်း မယုံနိုင်တဲ့မျက်ဝန်းတွေကြား မျက်ရည်အနည်းငယ်ဆို့ကာ မေးလာသောကိုကို...

ယောလ်လေး ရုန်းထွက်ဖို့ကြံမိပေမဲ့ ကိုကိုကချက်ချင်း သူ့ကိုယ်လေးကိုဆွဲဖက်ထားကာ လုံးဝအလွတ်မခံချေ...

"မသွားပါနဲ့...ကိုယ်တောင်းပန်ပါတယ် မသွားပါနဲ့ကွာ"

ကိုကိုမျက်ရည်စတွေ ယောလ်လေးပခုံးပေါ်စီးကျလို့လာသည်...
ယောလ်လေးကတော့ ကိုကို့ရင်ခွင်ကျယ်ကြီးထဲမှာ တရှုံ့ရှုံ့ငိုရှိုက်နေမိတယ်...

သူတို့နှစ်ယောက်ကို ဘေးကကြည့်နေတဲ့လူတွေကိုရော တဖျက်ဖျက်ရိုက်နေတဲ့ ကင်မရာတွေကိုရော မျက်ကွယ်ပြုထားလိုက်မိပါသည်...

ယောလ်လေးကို သူထပ်ပြီးလွှတ်မပေးနိုင်တော့ဘူး...

ထပ်ပြီး...ဆုံးရှုံးခံတော့မှာမဟုတ်လို့ပါ...

*****************************

Baekhyun ယောလ်လေးကို Xiumin ပိုင်တဲ့အပန်းဖြေအိမ်ဆီ ခေါ်လာခဲ့သည်...
Xiumin နဲ့ Chen လဲ မပြုံးတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းကြောင့် အရမ်းစိတ်ညစ်ခဲ့ရတာ

အခုယောလ်လေးပြန်ရောက်လာသည်မို့ အစွမ်းကုန်ကူညီရန်ကြိုးစားနေကြသည်...

ကားသော့ကိုချက်ချင်းပေးပြီး အပန်းဖြေစံအိမ်ကိုသွားစေကာ မန်နေဂျာ hyung ကလဲ Schedule  တွေဖျက်ပေးသည်...

ဒါကြောင့် ဒီနေ့တစ်နေကုန် ယောလ်လေးနဲ့နှစ်ယောက်တည်းပင်...

"ကိုကို ယောလ်လေးကိုဘယ်ခေါ်လာတာလဲဟင်"

မျက်နှာငယ်လေးနဲ့မေးလာသော အရုပ်ကလေးကြောင့် Baekhyun မျက်နှာကိုချက်ချင်းတည်ပစ်လိုက်သည်...

အရမ်းဆိုးတဲ့ကလေးငယ်လေး...
သူ့ကိုခံစားရအောင်ဘယ်လိုတောင် လုပ်ခဲ့တာမို့...

နည်းနည်းတော့ ပြန်လက်စားချေဦးမည်...

"ပြန်ပေးဆွဲလာတာ..."

"ဟင်!ကိုကို..."

သူ့စကားကြားတော့ ယောလ်လေးမျက်ဝန်းလေးတွေခမျာ ဝိုင်းစက်သွားပြီး ကြောက်သွားဟန်ပြုတယ်...

❤Barbie boy❤Where stories live. Discover now