24

8.6K 882 101
                                    

Zawgyi>>>

Baekhyun CEO ရုံးခန်းက ပြန်လာပြီးနောက်သက်ပြင်းတွေခဏခဏချနေမိတယ်....

ကြားခဲ့ရတဲ့စကားလုံးတွေကလဲ ရင်ထဲပြည့်ကြပ်ကာ ဆို့နစ်စေသည်...

"အဲ့ကောင်လေးကိုအဆက်သွယ်ဖြတ်... ပြီးရင်မင်းနဲ့သူဘာမှမဆိုင်ဘူးဆိုတာ သတင်းစာရှင်းလင်းပွဲပြန်လုပ်ရမယ်... ကောင်လေးကိုမင်းသိတောင်မသိဘူးဆိုတဲ့အကြောင်းလူတွေကိုပြောမှဖြစ်မယ် Baekhyun... ကောင်လေးတစ်ယောက်အတွက်နဲ့ မင်းရဲ့အောင်မြင်မှုတွေကိုလဲတော့မလို့လား"

အထပ်ထပ်ကြားယောင်နေတဲ့ စကားသံတွေကြောင့် ခေါင်းကိုခါယမ်းပစ်မိသည်..

သူအရမ်းဝေခွဲရခက်နေတယ်...

အခုချိန်မှာဘာကိုဆုံးဖြတ်ရမလဲဆိုတာ သူကိုယ်တိုင်လဲသေချာမသိသေးဘူး...
အခုဆုံးဖြတ်လိုက်တဲ့အရာကလဲ မှားသွားမှာကြောက်နေမိတယ်...

တစ်သက်လုံးစာအတွက်ချစ်ရမဲ့ ယောလ်လေးကိုစွန့်ပစ်ရမှာလား?

ဒါမှမဟုတ်...

သူ့တစ်ဘဝလုံးနဲ့ရင်းပြီး ကြိုးစားခဲ့ရတဲ့ ဒီအောင်မြင်မှုနဲ့ fan တွေကို စွန့်လွှတ်ရမှာလား??

ဒီအောင်မြင်မှုရဖို့ သူသေမတတ်ကြိုးစားခဲ့ရတယ်...
အကြိမ်ကြိမ်ပြိုလဲမှုတွေကတစ်ဆင့်
ရရှိလာတဲ့ဒီအောင်မြင်မှုကို လွယ်လွယ်နဲ့စွန့်ပစ်ရမှာလား?

အသံတွေဝင်တဲ့အထိ သီချင်းတွေဆိုရင်း...
ခြေထောက်ခေါက်တာတောင် စင်ပေါ်မှာ ဆက်ကနိုင်နေတဲ့အထိ...
အရမ်းပင်ပန်းတာတောင် ပြုံးနေနိုင်တဲ့အထိ...

ကျင့်သားရဖို့ အချိန်ကြာကြာကြိုးစားခဲ့ရတယ်...

လူအများရဲ့အချစ်ကိုရဖို့ ကိုယ့်ကိုကိုယ်အမြဲသုံးသပ်ပြီး perfect ဖြစ်အောင်နေရတယ်...

သူ့ကိုချစ်တဲ့အယ်ရီလေးတွေနဲ့ သူချစ်ရတဲ့အယ်ရီလေးတွေ...

အရာအားလုံးကို စွန့်လွှတ်ရမှာလား?

ဒါဆို ယောလ်လေးကရော?

ယောလ်လေးကိုသူသိပ်ချစ်တယ်...
ပြောမပြတတ်အောင်ပဲ...
အရာအားလုံးကို ပုံအောပေးလိုက်ချင်တဲ့အထိ...

❤Barbie boy❤Where stories live. Discover now