13

10.8K 1K 305
                                    

Zawgyi>>>

Baekhyun မျက်ဝန်းများအား ညှင်သာစွာဖွင့်လိုက်သောအခါ နံနက်အလင်းရောင်က သူ့ထံဖြာကျလာသည်...

ရင်ခွင်ထဲမှ အိစက်စက်အထိအတွေ့ကြောင့် ငုံ့ကြည့်မိတော့ သူ့ရင်ခွင်ထဲ တိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ယောလ်လေး...

Baekhyun ကျေကျေနပ်နပ် ပြုံးလိုက်မိရင်း အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေအား လက်ဖြင့်ခပ်ဖွဖွတို့ထိမိသည်...

ကြည့်ပါဦး အိပ်နေလိုက်တာ...

Baekhyun ခါးကို လက်ကလေးတွေနဲ့ သိုင်းဖက်ထားတာလဲ တင်းလို့..
လူကိုသူ့ခွတုံးများ ထင်နေလားမသိ...

တစ်ခါတစ်လေ ယောလ်လေးရဲ့ အသက်ရှုသံပိစိလေးတွေက သူ့ရင်ဘတ်ကိုရိုက်ခတ်သွားတိုင်း ရင်ထဲလှိုက်ဖိုရပါသည်...

ဒီအနေအထား...ဒီအငွေ့အသက်ဟာ သူ့အတွက် ရင်းနှီးလွန်းနေတယ်...

"အွန်းး..."

အသံပိစိလေးထွက်လာကာ Baekhyun ရင်ခွင်ထဲပိုမိုတိုးဝင်လာရင်း လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ အရုပ်လေးကို ပြုံး၍ ကြည့်နေမိပါသည်

သူ့ကိုယ်သူ Baekhyun ရင်ခွင်ထဲရောက်နေတာတောင် သိပုံမပေါ်...

အသည်းယားယားနဲ့ အဲ့အရုပ်စုတ်လေးအား ရင်ခွင်ထဲထည့်ကာ ကိုယ်လုံးအိစက်စက်လေးကို ဖြစ်ညှစ်ပစ်လိုက်တယ်...

"အွန့်!"

အော်သံပိစိလေးထွက်လာပြီးနောက် မျက်လုံးလေးဖွင့်ကြည့်လာတဲ့ ယောလ်လေး...မျက်နှာလေးကိုလဲ မဲ့ထားသေးသည်...

"ကိုကိုဗျာ...ဘာလို့ညှစ်တာလဲ..ယောလ်လေး နာသွားပြီ"

အိပ်ယာနိုးခါစ ကဂျီကဂျောင်ပုံလေးနဲ့ စူပုတ်ပုတ်လေးပြောလာသည်...
Baekhyun မှာ ထိုအရုပ်လေးကို အသည်းယားလွန်းလို့ လက်မောင်းအသားတစ်ကလေးတွေကို ဆွဲပင်ကိုက်ချင်နေမိသေးတာ...

"ကိုကို...ယောလ်လေးကို လွှတ်ပေးလေဗျာ...ဖက်ထားတာအားကြီးနဲ့...ယောလ်လေးကနာတာပေါ့ :( "

သူနာကြောင်း သေချာလေးရှင်းပြရင်း Baekhyun ကို ခေါင်းလေးတမော့မော့နဲ့ ကြည့်နေသည်...

❤Barbie boy❤Tahanan ng mga kuwento. Tumuklas ngayon